ရေဘေးဒဏ်ခံရသူ ၂သိန်း ၄သောင်းကျော်အတွက် သိန်း ၁၅၀၀ ကျော်ဖိုး ထောက်ပံ့

 ဟုမ္မလင်းမြို့နယ်မှာ ဇူလိုင်လ ၁ဝ ရက်နေ့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့စဉ် ဟုမ္မလင်းမြို့နယ်မှာ ဇူလိုင်လ ၁ဝ ရက်နေ့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့စဉ်
Photo: Myanmar Fire Services Department FB

မကွေး၊ ရခိုင်၊ပဲခူး၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ် ၉ခုက ရေဘေးဒဏ်ခံနေရသူ နှစ်သိန်းလေးသောင်းကျော်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စားနပ်ရိက္ခာနဲ့ နေအိမ်ပြုပြင် ဆောက် လုပ်ရေးအတွက် ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်း တိုင်းနဲ့ပြည်နယ် ၉ ခုက ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုမှာ ငွေကျပ် သိန်းပေါင်း ၁၅၀၀ ကျော်သုံးစွဲခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။

"မနေ့ကထိကတော့ အဲ့ဒါရိက္ခာဖိုးပဲရှိသေးတာလေ။ အဲ့ဒါသိန်းပေါင်း ၁၅၇၅ သိန်း သုံးသောင်း ကိုးထောင် လေးရာ့ကိုးဆယ်။ တချို့နေရာတွေမှာ ရေက ချက်ခြင်းကျတော့မယ်ဆိုရင် ၃ ရက်စာ ၁ ပတ်စာပေါ့။ ၁ ပတ်စာ ပေးတယ်ပေါ့။ ရေမကျတဲ့ နေရာဆိုရင်တော့ ၂ ပတ်စာပေးမယ်ပေါ့။ ဒါပေမဲ့ အခုဟာ ရေကျတာ အရင်ခါတိုင်းထက်စာရင်တော့ မဆိုးဘူးပေါ့။ ဒါသိပ်မကြာဘူးဆိုတဲ့ သဘောတော့ရှိတယ်။"

ဒီလဆန်းပိုင်းက စတင်ပြီး မိုးရွာသွန်းမှုများတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ရာ ရခိုင်ပြည်နယ်မှာ ရေဘေးဒဏ် ခံနေရသူ တစ်သိန်းနှစ်သောင်းကျော်နဲ့ မကွေးတိုင်းမှာ ရေဘေးသင့်ပြည်သူ ရှစ်သောင်းကျော် အထိ ရှိခဲ့ပြီး လူဦးရေအများဆုံး ရေဘေးဒဏ်ခံစားခဲ့ရတာ ဖြစ်ပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော် မတီတို့အနေနဲ့ ကယ်ဆယ်ရေးစခန်းတွေကို လာရောက်ခိုလှုံသူတွေကို ကူညီထောက်ပံ့မှုတွေ ပေးနေ သလို အိမ်တိုင်ရာရောက်ကယ်ဆယ်ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်မှုတွေလည်း လုပ်ဆောင်နေတယ် လို့ ပြောပါတယ်။

သွားလာရေးခက်ခဲပြီး လက်လှမ်းမမှီတဲ့နေရာတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ မရောက်ရှိမှာ စိုးရိမ်တာ ကြောင့် စိစစ်ဆောင်ရွက်ကြဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကပြောပါ တယ်။

အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအနေနဲ့ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တစ်နှစ်ကို ရန်ပုံငွေ မြန်မာကျပ်ငွေဘီလီယံ ၂၀ နှစ်စဉ်ရရှိထားတယ်လို့ ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.