ကန်သမ္မတထရမ့် နဲ့ ဗြိတိန်ဝန်ကြီးချုပ်မေ တွေ့ဆုံ

ဗြိတိန်ဝန်ကြီးချုပ် Theresa May နှင့် အမေရိကန်သမ္မတ Trump

အမေရိကန်သမ္မတ Donald Trump နဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May တို့ဟာ ဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ G-20 စက်မှုထိပ်သီးနိုင်ငံများ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့စနေနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

စနေနေ့ အရုဏ်မတက်ခင်အချိန်မှာပဲ ၊ တက်ကြွလှုပ်ရှားသူတွေ ၊ ညီလာခံကိုမကျေနပ်တဲ့အတွက် ဆန္ဒပြခဲ့ကြပြီး၊ ၂ ညဆက်တိုက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ ဟမ်းဘာ့ဂ်ရဲတပ်ဖွဲ့က အဆောက်အအုံတခုထဲကို ၀င်ရောက်ခဲ့တဲ့သူ ၁၃ ယောက်ကိုဖမ်းဆီးလိုက်ပါတယ်။

ညီလာခံရဲ့ ဒုတိယနေ့ဆွေးနွေးပွဲမှာတော့ အာဖရိကနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ ရွှေ့ပြောင်းအခြေချနေထိုင်မှု နဲ့ ကျန်းမာရေး၊ ဒစ်ဂျစ်တယ်လ် နည်းပညာတွင်ကျယ်လာစေဖို့၊ အမျိုးသမီးတွေ အလုပ်အကိုင် နဲ့ လုပ်ပိုင်ခွင့်ရရှိရေး ကိစ္စရပ်တွေကိုအလေးပေး ဆွေးနွေးခဲ့ ကြပါတယ်။

အမေရိကန် သမ္မတ ထရမ့်ဟာ အင်ဒိုနီးရှား၊ စင်ကာပူ ၊ ဂျပန် နဲ့ တရုတ် နိုင်ငံခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ထရမ့်ဟာ ရုရှားသမ္မတ ပူတင် နဲ့ တွေ့ဆုံချိန်မှာတော့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှု နဲ့ ပတ်သက်ပြီး ခေါင်းဆောင် ၂ ယောက်ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောကြားခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုဟာ မျှော်လင့်ထားတာထက် ပိုပြီးကောင်းမွန်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Tillerson က ပြောပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.