ပြည်တွင်းမှ ဗုံးပညာရပ် ကျွမ်းကျင်သူနှစ်ဦး ရှမ်းပြည်နယ်တွင်း ဖောက်ခွဲ ရေးပြုလုပ်မည်ဟု ကြိုတင်သတင်းရရှိထား


ပြည်သူများ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အစွမ်းကုန်ကြိုးစားနေ
--- --- ---

ဖောက်ခွဲရေး လုပ်ငန်းများကို လုပ်ဆောင်မည့်သူများ ရှိနေသည်ဟု ကြိုတင်သတင်း ရရှိထားသကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံစိတ်ချရစေရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

အဆိုပါ ဖောက်ခွဲရေး ပြုလုပ်မည့်သူများမှာ ပြည်တွင်းမှပင်ဖြစ်ပြီး ဗုံးပညာရပ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ နှစ်ဦးဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အတွင်းသို့ စေလွှတ်ထားသည်ဟု အမာခံ သတင်းပေးများ ထံမှ သတင်းရရှိ ထားကြောင်း၊ အဆိုပါလူနှစ်ဦးကို ပြည်သူလူထုအနေဖြင့် တွေ့မြင်သိရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ သတင်းပေးနိုင်ရန် အသိပေး ထုတ်ပြန်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဆက်စပ်သတင်း တစ်ခုရခဲ့တာပေါ့ ၊ တခြားပြည်နယ် တစ်ခုကနေ လှမ်းပို့တာ၊ ဒီအထဲ (ရှမ်းပြည်နယ် အတွင်းကို ဆိုလို) မှာ ရောက်နေတယ်၊ ကျွန်တော်တို့ကလည်း ပြည်သူလူထု တွေ့မြင်သိရှိရင် သတင်း ပေးနိုင် အောင် ဆိုပြီး ထုတ်ပြန်ပေးလိုက်တဲ့ သဘောပါ” ဟု အဆိုပါတာဝန်ရှိသူ က The Ladies သို့ ဇူလိုင် ၁၇ မွန်းလွဲ ၁ နာရီခန့် က ပြောကြားသည်။

ဖောက်ခွဲရေး ပြုလုပ်မည့် သူနှစ်ဦးမှာ ပြည်တွင်းမှပင်ဖြစ်ပြီး မည်သည့် နေရာတွင် ပုန်းခိုနေသည်ကို မသိရှိ ရသေးကြောင်း၊ သို့သော် ပြည်သူ လူထု ထိခိုက်ဒဏ်ရာ ရခြင်းနှင့် သေဆုံးမှု့ များ မဖြစ်စေရန် မြို့ရွာများကို လုံခြုံရေးပြုလုပ် ကာကွယ်ပေး ထားကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် အတတ်နိုင်ဆုံး ကာကွယ် စွမ်းဆောင်သွား မည်ဖြစ်ကြောင်း လည်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

“ဒီနှစ်ယောက်က ပြည်တွင်းကပဲ၊ ပြည်ပက လွှတ်တာတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ ဆက်စပ်ဖော်ထုတ်ချက် အရ ဒီအထဲမှာ ဒီနှစ်ယောက် ရောက် နေတယ်ဆိုတဲ့ သတင်းလေး တစ်ခုရလို့၊ ဘယ်နေရာမှာ ရောက်နေလဲ ဘယ်မှာ ပုန်းခိုနေ သလဲတော့ မသိနိုင်ဘူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး အတွက်ကို တာဝန်ယူထားရတဲ့ အတွက် ပြည်သူလူထု ထိခိုက်ဒဏ်ရာရမှာ သေဆုံးမှာ စိုးရိမ်တယ်၊ အတတ်နိုင်ဆုံးတော့ မြို့လုံခြုံရေး ရွာလုံခြုံရေးအတွက် ကာကွယ်ပေးတယ်၊ ကျွန်တော်တို့ နိုင်သလောက် ကာကွယ်ပေးတယ်၊ အခုလည်း မြို့ဝင်မြို့ထွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ၊ လှည့်ကင်း ဆောင်ရွက်တာတွေ၊ စောင့်ကြည့် ကင်းတွေချထားပြီး အတတ်နိုင်ဆုံး ကာကွယ်ပေးထား ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.