သိန်း(၂၂၀၀)ကျော်တန်ဖိုးရှိသည့် ကျောက်စိမ်းများ ဖမ်းဆီးရမိ


လားရှိုးနဲ့ သိန်းနီကြားရှောင်ကွင်းလမ်းမှာ ဇူလိုင်(၁)ရက်က သတင်းအရ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က လိုက်လံရှင်းလင်းရှာဖွေခဲ့ရာ LIFAN အမျိုးအစား (၆)ဘီးယာဉ်ပေါ်မှာ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအရွယ်စုံ (၂၈)တုံး(၄၃၀၀)ကီလိုဂရမ်နဲ့ သယ်ဆောင်တဲ့ယာဉ်(၁)စီး၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် သိန်း(၂၂၀၀)ကျော်ဖိုးကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


 တရားမ၀င်ကုန်စည်တွေ တားဆီးထိန်းချုပ်ဖို့အတွက် ရေပူနဲ့မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ဇူလိုင်(၁)ရက်မှာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန်(၆၅၄)စီး၊ သွင်းကုန်(၆၀၂)စီး၊ ရန်ကုန်-မြ၀တီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်(၄၅)စီး၊ သွင်းကုန်(၁၄၄)စီး ကုန်စည်တွေသယ်ယူပို့ဆောင်နေတယ်လို့ သိရပါတယ်။

 အဲဒီ စစ်ဆေးရေးစခန်းတွေက တင်သွင်း/တင်ပို့ ကုန်ပစ္စည်းတွေကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်နေရာမှာ ဇူလိုင်(၁)ရက်မှာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု(၄)မှု၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု(၅)မှု၊စုစုပေါင်းတားဆီးမှု(၉)မှု ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း(၂၅၀၀)ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.