မြောက်ကိုရီးယားခရီးသွားလုပ်ငန်းက နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်ဖို့ဝက်ဘ်ဆိုက်ဖွင့်


ဇူလိုင်၂၀ – မြောက်ကိုရီးယားရဲ့ခရီးသွားလုပ်ငန်းတစ်ခုက လှိုင်းစီးဖို့ကအစ စပါးစိုက်ခင်းတွေအထိ အားလပ်ရက် ခရီးစဉ်တွေဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုကိုစတင်ခဲ့တယ်လို့ သိရပါတယ်။ သည်လိုခရီးစဉ်တွေကနေ နောက်ဆုံးမှာ အကျဉ်းချခံရတာနဲ့သာအဆုံးသတ်ရတာများတဲ့ နိုင်ငံတစ်ခုဆီ ခရီးမသွားကြဖို့ အမေရိကန်က ပြင်းပြင်းထန်ထန် သတိပေးချက်ထုတ်ပြန်ထားပေမယ့် ပြုံယမ်းက အခုလို ဆွဲဆောင်နေဆဲဖြစ်ပါတယ်။ ဟိုတယ်မှာထားရှိတဲ့ဝါဒဖြန့်စာတန်းကိုခိုးယူမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ ၂၂ နှစ်အရွယ် ကျောင်းသား အော့တိုဝမ်ဘီယာ အပါအဝင် မြောက်ကိုရီးယားမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အမေရိကန်လူမျိုး ၁၆ ဦးရှိနေပြီ ဖြစ်ပါတယ်။ သူက ဇွန်လမှာ ကိုမာဖြစ်ကာ နေရပ်ပြန်ရောက်လာခဲ့ပြီး နောက်ရက်အတန်ကြာမှာ သေဆုံးခဲ့ပါတယ်။ ပြုံယမ်းရဲ့ “DPR Korea Tour” ဝက်ဘ်ဆိုက်မှာတော့ လက်နက်ပရိုဂရမ်နဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုတွေခံနေ ရတဲ့နိုင်ငံကို ခရီးသွားလာလို့ကောင်းတဲ့နေရာတစ်ခုအဖြစ် သရုပ်ဖော်ထားပါတယ်။

၎င်းဆိုက်က ပြုံယမ်းမြို့တော်အပါအဝင် နိုင်ငံရဲ့အစိတ်အပိုင်းအတော်များများကို စရိတ်ငြိမ်းခရီးစဉ်တွေ စီစဉ်ပေး ထားပြီး ထူးခြားဆန်းပြားမှုကိုရှာဖွေနေတဲ့ခရီးသွားတွေအတွက် လေ့လာရေးခရီးစဉ်တွေလည်း စီစဉ်ပေးထားပါတယ်။ ခရီးသွားတွေအနေနဲ့ Majon Bathing Beach အပါအဝင် အရှေ့ဘက်ကမ်းရိုးတန်းက ကမ်းခြေတွေကို သွားရောက် နိုင်မှာဖြစ်ပြီး တက္ကစီ၊ ဘတ်စ်ကားတွေနဲ့သွားလာနိုင်မယ့် နည်းလမ်းတွေ၊ လေကြောင်းနဲ့ရထားခရီးစဉ်တွေလို ခရီးသွားလာရေးဆိုင်ရာအခြေခံအချက်အလက်တွေလည်း ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။ ဒါပေမယ့် ခရီးသွားတွေအနေနဲ့ ဆိုက်မှာ တိုက်ရိုက်ဘွတ်ကင်တင်လို့မရသလို ပြုံယမ်းကိုသွားမယ့် ခရီးစဉ်တွေ စီစဉ်ပေးမယ့်အနည်းငယ်သာရှိတဲ့နိုင်ငံခြားအေဂျင်စီတွေကိုလည်း မဖော်ပြထားပါဘူး။

သည်ဆိုက်မှာ ကိုရီးယား၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်ဘာသာတို့နဲ့ကြည့်ရှုနိုင်ပြီး tourismdprk.gov.kp လိပ်စာနဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အဖမ်းခံရပြီး နှစ်ရှည်အကျဉ်းချခံရနိုင်တဲ့အန္တရာယ်များတာကြောင့် အမေရိကန်နိုင်ငံသားတွေ မြောက်ကိုရီးယား ကိုမသွားကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အလေးအနက်သတိပေးထားပါတယ်။ ကနေဒါ၊ သြစတြေးလျားနဲ့နယူးဇီလန်တို့အပါအဝင် တခြားနိုင်ငံတွေကလည်း အလားတူသတိပေးချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။



YSD

Ref: AFP/am, July-20, 2017
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.