ဂျပန်တွင် အရှုပ်တော်ပုံဖြစ်ပွားပြီးနောက် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်



ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Tomomi Inada အား တွေ့ရစဉ် (ဆင်ဟွာ)
    တိုကျို၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

    တောင်ဆူဒန်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအဖြစ် ဂျပန်နိုင်ငံ မြေပြင် ကိုယ်ပိုင် ကာကွယ်ရေး တပ်သားများ နေ့စဉ်ပါဝင်လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ခြင်းအား ဖုံးကွယ်ထားကြောင်း စွပ်စွဲခံရမှုကြောင့် ကာကွယ်ရေးဝန်ကြီး Tomomi Inada က ရာထူးမှ နုတ်ထွက်စာ တင်ထားကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဇူလိုင်လ ၂၈ ရက်တွင် ကြေညာလိုက်သည်။

Inada ၏ နုတ်ထွက်မှုသည် လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည့် ဝန်ကြီးချုပ်၏ အစိုးရအဖွဲ့ အပြောင်းအလဲ အစီအစဉ် မတိုင်မီ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

Inada သည် ရာထူးမှ နုတ်ထွက်မည်ဆိုသော်လည်းပဲ ၎င်းအပေါ် စွပ်စွဲချက်များအား ငြင်းဆိုထားသည်။ ၎င်း၏ နုတ်ထွက်မှုအား  ဝန်ကြီးချုပ် အာဘေးက လက်ခံခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးအသစ်အား မခန့်အပ်မီအထိ နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida က တာဝန်ယူထားမည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.