စိုးလျှပ်စစ်ဖောင်ဒေးရှင်းဥက္ကဌ ဦးစိုးတင့် ကွယ်လွန်.




ပျဉ်းမနားမြို့ရှိ အခြေခံလူတန်းစားများ၏ စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် အစဉ်တစိုက် ထောက်ပံ့၊ လှူဒါန်းလျက်ရှိသည့် အသက်(၆၄)နှစ်အရွယ် စိုးလျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဌ ဦးစိုးတင့်သည် ၂၀၁၇ခုနှစ်၊ ဇူလိုင် ၁၆ရက်၊ နံနက် ၁၀နာရီကျော်တွင် ကွန်လွန်သွားခဲ့သည်။

ဦးစိုးတင့်သည် အနှေးယာဉ်လုပ်သားများ၊ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များအား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ မကြာခန လှူဒါန်းလေ့ရှိသလို ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးအတွက် အစဉ် ကူညီထောက်ပံပေးနေသူလည်း ဖြစ်သည်။

ငယ်စဉ်က ဆင်းရဲခက်ခဲစွာ ရုန်းကန်ခဲ့ရသူ ဦးစိုးတင့်သည် လွန်ခဲ့သည့် ၄နှစ်က ၎င်း၏ အသက်(၆၀)ပြည့်နှစ်၌ ကျပ်သိန်းပေါင်း ခုနှစ်သောင်း အကုန်ကျခံ မ,တည်၍ အေးငြိမ်းချမ်းသာဂီလာန အမည်ရှိ ဘိုးဘွားရိပ်သာကို တည်ထောင်လှူဒါန်းခဲ့သည်။
ထို့အပြင် ပျဉ်းမနားမြို့နယ်အတွင်းရှိ လမ်း၊ တံတား၊ ကျောင်း၊ သာသနိကအဆောက်အဦအပါအဝင် ရေရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သူတစ်ဦး ဖြစ်သည်။

ဦးစိုးတင့်၏ ရုပ်အလောင်းအား အေးငြိမ်းချမ်းသာဂီလာနဘိုးဘွားရိပ်သာအတွင်းရှိ ဓမ္မာရုံတွင် သုံးရက်ကြာ ထားရှိပြီးနောက် ကွေ့ကြီးသုဿန်တွင် သင်္ဂြိုလ်မည်ဖြစ်သည်။ အရိုးပြာကိုမူ ဘိုးဘွားရိပ်သာအတွင်း ထားရှိကာ ထာဝရ ဂုဏ်ပြုသွားမည်ဟု ဖောင်ဒေးရှင်းတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ဦးစိုးတင့်၏ ကိုယ်ရေးအကျဉ်း
.............................................
၁၉၅၄ခုနှစ်၊ မတ်လ (၄)ရက်၊ သောကြာနေ့တွင် ပျဉ်းမနားမြို့၊ မင်္ဂလာသာခေါင်ရပ်၌ အဘ ဦးဘိုးကြွယ်၊ အမိ ဒေါ်အမာတို့မှ မွေးဖွားခဲ့ပါသည်။

ဦးစိုးတင့်သည် မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး ပျဉ်းမနားမြို့၊ အ.ထ.က ၂ တွင် သူငယ်တန်းမှ အဌမတန်းအထိ ပညာသင်ယူခဲ့ပါသည်။

ထို့နောက် ရန်ကုန်မြို့ အမှတ်(၁) စက်မှု၊ လက်မှုအထက်တန်းကျောင်း(နတ်မောက်)တွင် လျှပ်စစ်စွမ်းအား ဘာသာရပ်ဖြင့် (၂)နှစ်နှင့် (၆)လ ပညာသင်ယူခဲ့ပါသည်။

၁၉၇၇ခုနှစ်တွင် ဒေါ်ရီရီမာ(ခ) ဒေါ်ခုနုနှင့် အိမ်ထောင်ကျပြီး တစ်ဦးတည်းသောသား မောင်ကျော်မင်းထွန်း မွေးဖွားခဲ့ပါသည်။ မောင်ကျော်မင်းထွန်းမှ မမျိုးမျိုးခိုင်နှင့် အိမ်ထောင်ကျ၍ မောင်သုခစိုး မွေးဖွားခဲပါသည်။

မိသားစု(၅)ယောက်ကို ‘စိုး’လျှပ်စစ်နှင့် စက်ကိရိယာကုမ္ပဏီလိမိတက်ထူထောင်၍ လုပ်ကိုင်ကျွေးမွေးခဲ့ပြီး စီးပွားရှာ၍ ရသမျှ၏ သုံးပုံတစ်ပုံကို ဘဝတစ်လျှောက်လုံး လှူဒါန်းခဲ့ပါသည်။

အသက်(၆၀)ပြည့်၌ အေးငြိမ်းချမ်းသာဂီလာန ဘိုးဘွားရိပ်သာကြီးကို ကျပ်သိန်းပေါင်း ခုနှစ်သောင်း အကုန်ကျခံ မ,တည်၍ လှူဒါန်းခဲ့ပါသည်။

၂၀၁၇ခုနှစ်၊ ဇူလိုင် ၁၆ရက်၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်ခဲ့ပါသည်။
Mizzima - News in Burmese

COMMENTS

Name

art,1,article,1303,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7359,interview,220,knowledge,8,Live,8,LocalNews,15726,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,141,statement,59,technic,56,translate,34,video,1068,voice,76,
ltr
item
dawnmanhon: စိုးလျှပ်စစ်ဖောင်ဒေးရှင်းဥက္ကဌ ဦးစိုးတင့် ကွယ်လွန်.
စိုးလျှပ်စစ်ဖောင်ဒေးရှင်းဥက္ကဌ ဦးစိုးတင့် ကွယ်လွန်.
https://4.bp.blogspot.com/-_t-FV0_RXuk/WWtEEX6Qs5I/AAAAAAAAc44/7NUmvnNdJgoGX7wxyPLBPRLYZcqy9S-wACLcBGAs/s400/q1.jpg
https://4.bp.blogspot.com/-_t-FV0_RXuk/WWtEEX6Qs5I/AAAAAAAAc44/7NUmvnNdJgoGX7wxyPLBPRLYZcqy9S-wACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/07/blog-post_863.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/07/blog-post_863.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy