ထိုင်း တွင် ခေတ်စား လာနေပြီ ဖြစ်သော မြန်မာ့ သနပ်ခါး

ယခုအခါ မြန်မာ့ရိုးရာ သနပ်ခါးသည် နယ်ခြားကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ အတွင်း ရောက်ရှိသွားပြီး အလှကုန် ထုတ်လုပ်သည့် ကုမဏ္ဍီ နှစ်ခု မှ ထုတ်လုပ်...

ယခုအခါ မြန်မာ့ရိုးရာ သနပ်ခါးသည် နယ်ခြားကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ အတွင်း ရောက်ရှိသွားပြီး အလှကုန် ထုတ်လုပ်သည့် ကုမဏ္ဍီ နှစ်ခု မှ ထုတ်လုပ် ဖြန့်ချီနေပြီ ဖြစ်ပါတယ်။

ခန္တာကိုယ် အအေးဓါတ်ရစေမည့် အမှုန့်အဖြစ် ထိုင်း အလှကုန် ထုတ်လုပ်သည့် ကုမဏ္ဍီ တခု ဖြစ်သည့် British Dispensary က ပြီးခဲ့သည့် ဧပြီလက ဈေးကွက်မှာ စတင် ဖြန့်ချီလိုက်ပါတယ်။ အဆိုပါ ကုမဏ္ဍီမှ မြွေတံဆိပ် အမှတ်အသားဖြင့် ရေချိုးပြီး သို့မဟုတ် အိပ်ယာမ၀င်မီ လိမ်းသင့်သော အလှကုန် အမှုန့် အဖြစ် ကြော်ငြာလာခဲ့တာ တွေ့ရပါတယ်။

ကုမဏ္ဍီ ဥက္ကဌ ဖြစ်သူက အစပိုင်းမှာတော့ ထိုင်းလူမျိုးတွေက သူတို့ မျက်နှာပေါ်မှာ အမှုန့်တွေ လိမ်းရမှာကို ရွံ့တွန့်တွန့် ရှိခဲ့ကြပေမယ့် အခုအခါ ထိုင်းမှာ ဖက်ရှင်အသစ် လို ဖြစ်လာနေပြီလို့ဆိုပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပင် "သနပ်ခါး" ဆိုသော အသံထွက်သည် ထိုင်း ဘာသာ ဖြင့် "မျက်နှာပေါ်လိမ်းခြယ်ခြင်း" ဟု အဓိပ္ပါယ်ရကြောင်း သိရပါတယ်။

ယခုအခါ အဆိုပါ ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၅.၆၈ သန်း အကုန်အကျခံပြီး ဈေးကွက်မှာ ဖြန့်ဖြူးနေပြီ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် သနပ်ခါး နဲ့ ဆက်စပ်တဲ့ အလှကုန် ပစ္စည်းများကို အိမ်နီးချင်း နိုင်ငံများသို့ တင်သွင်းဖို့ ရည်ရွယ်နေတယ်လို့ ဆိုပါတယ်။

နောက် ကုမဏ္ဍီတခု ဖြစ်တဲ့ Everyday Happy ကုမ္ပဏီ ကလည်း ဆပ်ပြာ တုံး မှသာ မျက်နှာ အောက်ခံ ဖေါင်ဒေးရှင်း အဖြစ် သနပ်ခါး ဓါတ် ပါဝင်တဲ့ အသားအရည် ဆိုင်ရာ အလှကုန် အား De Leaf Thanaka အဖြစ် အမည်တပ်ကာ ထုတ်လုပ်လာနေပါတယ်။

၂၀၁၆ မှာ ထိုင်းနိုင်ငံ ရှိ ဆူပါမားကက်ကြီးများ၊ ဆေးဆိုင်များ နဲ့ ကုန်စုံဆိုင်များမှ ၎င်းတို့ဆိုင်များပေါ် တင်သွင်း ရောင်းချလာနေကြပြီး ယခုနှစ်တွင် ရောင်းအား မနှစ်ကနှင့် ယှဉ်လျင် ၇၀% အထိ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ထိုင်းနိုင်ငံ တွင် မြန်မာ အလုပ်သမားများက အခြားနိုင်ငံများကထက် ပိုမိုပြီး သွားရောက်လုပ်ကိုင်နေကြတာကြောင့် အခုလို ယဉ်ကျေးမှု အရ လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ မြန်မာ ပြည်ပ အလုပ်အကိုင် အေဂျင်စီများ အသင်း (MOEAF) က ဆိုပါတယ်။

ယခုလို အရှေ့တောင်အာရှ တွင် သနပ်ခါး ဈေးကွက် ထိုးဖေါက်တော့မည့် အလားအလာ ရှိနေသော်လည်း မြန်မာပြည်တွင်းတွင်မှု လူငယ်များက သနပ်ခါးကို ခေတ်မီ ပစ္စည်းအဖြစ် သဘောထား ခြင်း မရှိကြသဖြင့် ပြည်တွင်း ဈေးကွက် ဆုတ်ယုတ်နေတယ်လို့ အရှေ့တောင်အာရှ ရှိ နိုင်ငံ ၁၄ နိုင်ငံ ဈေးကွက်ကို လေ့လာနေတဲ့ ဂျပန် သတင်း ၀က်ဆိုက်ဒ် ဖြစ်တဲ့ TNC Asia Trend Website မှာ ဖေါ်ပြထားပါတယ်။ မြန်မာ အမျိုးသမီးများက မိတ်ကပ် အလှကုန် အတွက် တောင်ကိုရီယား အပါအ၀င် အခြားနိုင်ငံထွက် ပစ္စည်းများကို သုံးစွဲလေ့ရှိကြတယ်လို့ ဆိုပါတယ်။

ထိုင်း ရဲ့ De Leaf Thanaka အလှကုန် ပစ္စည်းများကို မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းနေပြီး လာအို ဈေးကွက်မှာလည်း ဖြန့်ဖြူးတော့မယ်လို့ သိရပါတယ်။

မကြာသေးခင်ကမှ ဗီယက်နမ် သတင်းစာတစောင်မှ မြန်မာ့သနပ်ခါးအား Magic Powder အဖြစ် တင်စား ရေးသားထားတဲ့ ဆောင်းပါးတစောင် ထည့်သွင်း ဖေါ်ပြခဲ့တာလည်း တွေ့ရပါတယ်။

(ပုံတွင် သနပ်ခါး လိမ်းခြယ်ထားသော ထိုင်း အမျိုးသမီး တဦးအား တွေ့ရစဉ်)

ကိုးကား၊ ၊ "Traditional Myanmar Face Paste now cool in Thailand" from the Nikkei Asian Review

HSW
BrainWave ဉာဏ်လှိုင်း

COMMENTS

Name

art,1,article,1278,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6395,interview,206,Live,8,LocalNews,14060,news,2842,opinion,749,photos,202,poem,114,satires,38,song,12,speech,11,sports,126,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: ထိုင်း တွင် ခေတ်စား လာနေပြီ ဖြစ်သော မြန်မာ့ သနပ်ခါး
ထိုင်း တွင် ခေတ်စား လာနေပြီ ဖြစ်သော မြန်မာ့ သနပ်ခါး
https://2.bp.blogspot.com/-RJ6qfcZwrMY/WX14aSlLiCI/AAAAAAAAdBc/vvu_gBy8n4YRaNCc0KB5oVn9XYfoThg7QCLcBGAs/s640/q1.jpg
https://2.bp.blogspot.com/-RJ6qfcZwrMY/WX14aSlLiCI/AAAAAAAAdBc/vvu_gBy8n4YRaNCc0KB5oVn9XYfoThg7QCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/07/blog-post_873.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/07/blog-post_873.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy