ဦးကိုနီလုပ်ကြံခံရမှုမှ လွတ်မြောက်နေသူ အောင်ဝင်းခိုင်သည် ပြည်တွင်း၌ရှိနေကြောင်း သတင်းအချက်အလက်အချို့ ရရှိထားဟုဆို


ဦးကိုနီအားလုပ်ကြံမှုမှ လွတ်မြောက်နေသူ အောင်ဝင်းခိုင်သည် ပြည်တွင်း၌ရှိနေသည်ဟု သတင်းအချက်အလက်အချို့ ရရှိထားကြောင်း အမှုမှနစ်နာသူ ဦးနေ၀င်း၏ ရှေ့နေတရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

၎င်းတို့အနေဖြင့်လည်း စုံစမ်းနေပြီး ဖုန်းသတင်းဝင်သည်များလည်းရှိကြောင်း၊ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ ရှိသည့်နေရာနှင့် ရှာသည့်နေရာတခြားဖြစ်နေသည်ဟု သံသယ၀င်မိကြောင်း ဦးရောဘတ်စန်းအောင်က ဇူလိုင် ၁၄ ရက်ပြောကြားခဲ့ခြင်းဖြစ်သည်။

“အောင်ဝင်းခိုင်ကိစ္စက ကျွန်တော်တို့သိရသလောက် ပြည်တွင်းမှာပဲရှိနေတယ်။ ရှိတာတခြား ရှာတာတခြားများဖြစ်နေသလားလို့ သံသယ၀င်မိတယ်။ ရှိတယ်ဆိုတာလဲ ကြားသိနေရတယ်။ ပြည်တွင်းမှာပဲရှိတယ်ဆိုတာ ကျွန်တော်တို့လည်း သတင်းရတယ်။ ဖုန်းသတင်းလည်း ၀င်တာတွေရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သလောက်တော့ စုံစမ်းထောက်လှမ်းနေပါတယ်။ အောင်ဝင်းခိုင်မိရေးက အလွန်အရေးကြီးပါတယ်။ ရှိသင့်ရှိထိုက်တဲ့နေရာမှာ ရှိနေတယ်ဆိုတာတော့ ပြောလို့ရတယ်။ ပုဂ္ဂလိကပိုင်းဆိုင်ရာတွေကလည်း တာဝန်ကျေစွာ ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲဒီလိုတွေဆောင်ရွက်ချက်တွေကြောင့်လည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်တော့ ကြိုးတုပ်ဖမ်းမှာတော့ မဟုတ်ဘူး။ လောလောဆယ်က အဲဒီအဆင့်ကို မရောက်ရှိသေးတာပါ။ ပြည်သူတွေကလည်း တာဝန်ကျေပါလိမ့်မယ်။ ပြည်သူပါရင် ဘယ်တရားခံမှ ပြေးမလွတ်ပါဘူး။ မိကိုမိမှာပါ။ မိရင်တော့ ပိုရုပ်လုံးပေါ်လာမှာပေါ့။ နောက်ဆက်တွဲတွေရှိနေရင်လည်း ပေါ်လာမှာပေါ့။ မရှိရင်လည်း အဲဒီမှာပဲဂိတ်ဆုံးသွားမှာပေါ့။ ပြည်တွင်းထဲမှာရှိတယ်လို့ ကျွန်တော်တို့ သတင်းအချက်အချက်အလက်အချို့ ရရှိထားပါတယ်” ဟု ဦးနေ၀င်း၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကဆိုသည်။

ထို့ပြင်ဦးကိုနီအား လုပ်ကြံမှုတွင်ပါဝင်သူ အောင်ဝင်းခိုင်သည် မြန်မာပြည်ထဲတွင် ရှိနေသည်ဟုယူဆရပြီး ဖမ်းဆီးမရမိသေးသည့်အပေါ် ဦးကိုနီ၏အမှုလိုက်ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလကလည်း ပြီးခဲ့သည့်ရုံးချိန်းက မေးခွန်းထုတ်ခဲ့သည်။

လက်ရှိတွင် ဦးကိုနီလုပ်ကြံခံရမှုမှ အဓိကလွတ်မြောက်နေသူ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိခြင်း အခြေအနေနှင့်ပတ်သက်၍ အမှုစစ်ဆေးချက်များအရ လတ်တလောတွင် ဖမ်းဆီးရမိနိုင်ခြေမရှိသဖြင့် အဆိုပါအမှုအား စစ်ဆေးနေသည့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၊ အထူးခုံရုံးမှ အောင်ဝင်းခိုင်အား တရားခံပြေးအဖြစ် ကြေညာထားသည်။

ဦးကိုနီလုပ်ကြံခံရမှုကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တရားရုံးတွင် အထူးခုံရုံးဖြင့် တရားသူကြီးသုံးဦးထိုင်ဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

မတ် ၃၀ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ လွတ်မြောက်နေသူ အောင်ဝင်းခိုင်၏ မှတ်ပုံတင်စာရင်းစာအုပ်၊ မိတ်ဆွေများနေထိုင်ရာဒေသနှင့် ယခင်သွားလာခဲ့သည့်နေရာတို့ကိုဖော်ပြ၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုမှထွက်ပြေးတိမ်းရှောင်သူ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရုံး (INTERPOL) နှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်တွင် (INTERPOL) က အနီရောင်ကြေညာချက် (Red Notice) တရားဝင်ထုတ်ပြန်ထားကြောင်း သိရသည်။

Writer:
နေမျိုးဝင်း၊ ရဲထွဋ်

===========

Eleven Media Group

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6933,interview,212,knowledge,7,Live,8,LocalNews,15038,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ဦးကိုနီလုပ်ကြံခံရမှုမှ လွတ်မြောက်နေသူ အောင်ဝင်းခိုင်သည် ပြည်တွင်း၌ရှိနေကြောင်း သတင်းအချက်အလက်အချို့ ရရှိထားဟုဆို
ဦးကိုနီလုပ်ကြံခံရမှုမှ လွတ်မြောက်နေသူ အောင်ဝင်းခိုင်သည် ပြည်တွင်း၌ရှိနေကြောင်း သတင်းအချက်အလက်အချို့ ရရှိထားဟုဆို
https://4.bp.blogspot.com/-3sDUj1dTVy0/WWrc4Wu3MZI/AAAAAAAAc4I/E28O_VZ0vUEzwoyb9t1QBqXRUxpxOfNPwCLcBGAs/s400/q1.jpg
https://4.bp.blogspot.com/-3sDUj1dTVy0/WWrc4Wu3MZI/AAAAAAAAc4I/E28O_VZ0vUEzwoyb9t1QBqXRUxpxOfNPwCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/07/blog-post_884.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/07/blog-post_884.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy