မြန်မာနိုင်ငံအနှံ့ ရေဘေးကြုံနေရသူ ၈၀,ဝ၀ဝ ဝန်းကျင်ရှိနေ


 ရေနစ်မြုပ်နေတဲ့ ပြည်မြို့၊ နဝင်းရပ်ကွက်
မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေထဲ မြစ်ရေကြီးတာတွေကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ရေဘေးကြုံနေရသူ ၈၀,ဝ၀ဝ ဝန်းကျင်ရှိနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ရေဘေးသင့်သူ အများဆုံးဖြစ်ကာ ရေဘေးသင့် ပြည်သူ ၄၀,ဝ၀ဝ ကျော်ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ ဇူလိုင်လအစောပိုင်းကတည်းက ဆက်တိုက်မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံတာတွေ ကြုံတွေ့နေရတာပါ။

 ပြည်မြို့က ရပ်ကွက်တချို့ထဲ ရေတွေ ဝပ်နေ
ခန္တီး၊ ဖောင်းပြင်၊ မော်လိုက်၊ မုံရွာ၊ ကလေးဝ၊ ဟုမ္မလင်း၊ မင်းကင်းစတဲ့ မြို့တွေမှာတော့ ချင်းတွင်းမြစ်ရေ မြင့်တက်ခဲ့ပြီး ဒီမြစ်ရေဟာ ဧရာဝတီမြစ်ထဲ စီးဝင်ခဲ့ပါတယ်။ ဒီနောက်တော့ မြစ်ကြောင်းတလျှောက်မှာ ရှိတဲ့ ပခုက္ကူ၊ ညောင်ဦး၊ အောင်လံ၊ ပြည် စတဲ့ မြို့တွေမှာ မြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်ရှိနေကာ မြို့ပေါ်ရပ်ကွက် တချို့မှာလည်း ရေကြီးနေပါတယ်။

ရေကြီးရေလျှံမှု ဒဏ်ကြုံနေရတဲ့ ပြည်နဲ့ အောင်လံမြို့တွေက ပြည်သူလူထု တချို့ကတော့ ရေကြီးလို့ အလုပ်အကိုင် မကောင်းသလို အစိုးရဘက်ကလည်း ပံ့ပိုးကူညီမှုတွေ ထိထိရောက်ရောက် မပေးသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

 ပြည်မြို့က ရပ်ကွက်တချို့ထဲ ရေတွေ ဝပ်နေ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးကတော့ ရေဘေးသင့်ပြည်သူတွေ အတွက် ဆန်နဲ့ စားနပ်ရိက္ခာ ထောက်ပံ့တာတွေနဲ့ ကူညီကယ်ဆယ်မှုတွေ လုပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဘေးတလျှောက်က စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့တဲ့ မြို့နယ်တွေနဲ့ စိုးရိမ်ရေမှတ် ရောက်ဖို့ နီးစပ်နေတဲ့ မြို့နယ် အချို့မှာ မိုးလေဝသနဲ့ ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။နှစ်စဉ် မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်အထက်ပိုင်း မြို့တွေမှာ ရေကြီးလေ့ရှိပြီး ဒီရေတွေဟာ မြစ်အောက်ပိုင်း ဒေသတွေကို စီးဝင်ပြီး ရေကြီးရေလျှံမှုဒဏ် ဆိုးဆိုးရွာရွား ခံရလေ့ရှိတာကြောင့် အခုနှစ်မှာလည်း ဒီလို ဖြစ်မှာကို မြစ်ဝကျွန်းပေါ်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.