၂၁ ရက်ကြာ ပျောက်ဆုံးနေသည့် နှိပ်စက်ခံ အိမ်အကူ မိန်းကလေးပြန်တွေ့


အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး၏ နေအိမ်တွင် အိမ်အကူ လုပ်ရာမှ သွားခြောက်ချောင်း ကျိုးအောင် နှိပ်စက် ခံရမှုဖြင့် မရမ်းကုန်း မြို့နယ် တရားရုံးသို့ နယ်မှ လာရောက် တရား ရင်ဆိုင်စဉ် ပျောက်ဆုံးသွားသည့် အသက် ၁၃ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ၂၁ ရက်အကြာ ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက် ၁၁ နာရီတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။.

ပျောက်ဆုံးခဲ့သော အိမ်အကူ မနန်းမို့မို့အေးမှာ ၎င်း နေထိုင်ရာ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ မြစ်သားမြို့မှ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ် တရားရုံးသို့ ဇူလိုင်လ ၄ ရက်နေ့က ရုံးချိန်း လာရောက်စဉ် အောင်မင်္ဂလာ အဝေးပြေးဝင်း အနီး၌ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

“သမီးလေးကို ပိန်ပိန်ရှည်ရှည် အမျိုးသား တစ်ယောက်က ငါနဲ့လိုက်ခဲ့။ မလိုက်ရင် သတ်ပစ်မယ် ပြောပြီး ခေါ်သွားတယ် ပြောတယ်။ ပြီးတော့ အဲဒီလူက ရက် ၂၀ ကြာ သားမယားအဖြစ် ပြုကျင့်ခဲ့တယ်။ ဒီမနက် ၁၁ နာရီမှ မြစ်သားကို သူတစ်ယောက်တည်း ပြန်ရောက်လာတာ” ဟု မနန်းမို့မို့အေး၏ မိခင်ဖြစ်သူက ပြောဆိုသည်။

သွားခြောက်ချောင်း ကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မနန်းမို့မို့အေးမှာ ဇူလိုင်လ ၄ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးတွင် အစစ်ဆေး ခံရန် နယ်မှ ရန်ကုန်သို့ ၎င်း အဘွားဖြစ်သူနှင့် အတူလာခဲ့စဉ် အောင်မင်္ဂလာ အဝေးပြေးဝင်း အရောက် ကားဝင်းဘေးရှိ ဇေကမ္ဘာ ဘုရားဝင်းတွင် ခေတ္တ နားခိုစဉ် ပျောက်ဆုံးခဲ့သောကြောင့် မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် လူပျောက်တိုင်ချက် ဖွင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၁ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အိမ်အကူ မနန်းမို့မို့အေး မှာ ၂၀၁၅ ခုနှစ်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာ အိမ်ရာဝင်းရှိ အငြိမ်းစား ဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် တစ်လလျှင် လုပ်အားခ ကျပ်ငါးသောင်းဖြင့် အိမ်အကူ လုပ်ကိုင်ခဲ့ပြီး အိမ်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ခင်နန်းတင့်က ၎င်းအား ညှဉ်းပန်း နှိပ်စက်၍ ယင်းနေအိမ်တွင် အိမ်အကူ လုပ်ကိုင်နေသည့် မနှင်းဝေကျော်ကို ငရုတ်ကျည်ပွေ့ပေးပြီး မနန်းမို့မို့အေး၏ သွားများကို ရိုက်ချိုးရန် စေခိုင်းခဲ့ကြောင်း ဘုရင့်နောင် နယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားချက်များ အရ သိရသည်။
The Voice
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.