မလေးရှားမှာ ၅ ရက်အတွင်း မြန်မာ အလုပ်သမား ၂ဝဝကျော် အဖမ်းခံရ



(မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံ တရားမဝင်မြန်မာလုပ်သားတွေကို တွေ့ရစဉ်) ဓါတ်ပုံ - ဦးဆန်းဝင်း
မလေးရှားနိုင်ငံမှာ ဇူလိုင် ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း တရားမဝင် မြန်မာအလုပ်သမား အယောက် ၂ဝဝ လောက် အဖမ်းခံထားရတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကွာလာလမ်ပူမြို့တာဝန်ခံ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ E-card လို့ခေါ်တဲ့ တရားဝင်အလုပ်လုပ်ခွင့်ကတ်လုပ်ဖို့ ဒီနှစ်ဖေဖော်ဝါရီကနေ ဇွန်လကုန်အထိ အချိန်ပေးထားပြီး သတ်မှတ်ရက်အတွင်း တရားဝင်အလုပ်လုပ်ခွင့်ကတ် မလုပ်ရသေးတဲ့ အလုပ်သမားတွေကို ဒီလကစပြီး ဖမ်းဆီးနေတာဖြစ်တယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

"မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီးတော့ ပါမစ်လုပ်ဖို့ E-card system ဆိုတာကို သူတို့စလုပ်ခိုင်းတယ်။ ဇွန်လ ၃ဝ ရက်နေ့အထိကို သူတို့သတ်မှတ်ထားတယ်။ သူတို့သတ်မှတ်ချက်အရ ဒီမှာရှိတဲ့ Over Stay ကို ခန့်မှန်းချေလူ ၆ သိန်းလောက်ရှိမယ်လို့ E-card လုပ်မယ်လို့ သတ်မှတ်ထားတာ၊ အခု လက်ရှိအနေထားမှာ E-card ဆိုတဲ့ ကတ်ကလေးကို လုပ်ပြီးရင် ပါမစ်လုပ်မယ့်သူက တစ်သိန်းပတ်ဝန်းကျင်လောက်ပဲရှိမယ်။ အဲ့တော့ မလေးရှား Immigration ဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ တော်တော်များများကို အဖမ်းဆီး ပြန်လုပ်နေတယ်ပေါ့လေ။ "

မလေးရှားနိုင်ငံက မြို့အတော်များများမှာရှိတဲ့ ကုန်တိုက်တွေ၊ အခွန်မဆောင်တဲ့ စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက ဝင်ရောက်ဖမ်းဆီးကြတာဖြစ်တယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၆ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ တရားဝင်အလုပ်လုပ်ခွင့်ကတ် လာလုပ်တဲ့အလုပ်သမား အရေအတွက် ၁ သိန်းလောက်သာ ရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.