အာရပ်လေးနိုင်ငံနဲ့ ကန် ဝန်ကြီးတို့ ကာတာ ကိစ္စ အဖြေရှာမရ

ကာတာ နိုင်ငံခြားရေး ဝန်ကြီး နဲ့ ကန် နိုင်ငံခြားရေး ဝန်ကြီးတို့ နှစ်ဖက် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး
ကာတာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ အာရပ် လေးနိုင်ငံက ၀န်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တေလာဆင် တို့ရဲ့ အစည်းအဝေး ဟာ ရလဒ် တစုံတရာမရဘဲ ပြီးဆုံးသွားပါပြီ။

ဒီနေ့ ကြာသပတေးနေ့မှာ မစ္စတာ တေလာဆင်ဟာ ကာတာနိုင်ငံကို သွားပြီး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

ကာတာ အပေါ် ပိတ်ဆို့ အရေးယူထားတဲ့ အာရပ် လေးနိုင်ငံ ကတော့ ဆော်ဒီ ၊ ယူအေအီး ၊ အီဂျစ် နဲ့ ဘာရိန်း တို့ ဖြစ်ပါတယ်။

သူတို့ အနေနဲ့ သံတမန်နည်းအရ အဖြေရှာလိုပေမယ့် ကာတာဖက်က တိကျ ခိုင်မာတဲ့ လိုက်နာ လုပ်ဆောင်မှုတွေ လိုတယ်လို့ ယူအေအီး ၀န်ကြီးက ဘီဘီစီကို ပြောပါတယ်။

အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းဖို့ ကာတာနဲ့ မစ္စတာ တေလာဆင်တို့ ပြီးခဲ့တဲ့ အဂါနေ့က နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီစာချုပ်အပေါ် ယူအေအီး ဝန်ကြီးက မေးခွန်းထုတ်လိုက်ပြီး ၂၀၁၃ နဲ့ ၂၀၁၄ တုန်းက သူတို့နိုင်ငံနဲ့ အလားတူ စာချုပ် ချုပ်ခဲ့ဖူးပေမယ့် ဘာမှ ထူးခြားလာတာ မရှိခဲ့ပါဘူးလို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.