အကျဉ်းထောင်၊ ကုန်ထုတ်စခန်းနဲ့ အချုပ်စခန်းတွေကို လူ့အခွင့် အရေးကော်မရှင် စစ်ဆေး



မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ ဇူလိုင်လ ၁၇ ရက်နေ့က မွန်ပြည်နယ် သထုံခရိုင်မှာရှိတဲ့ အကျဉ်းထောင်တွေ၊ ကုန်ထုတ်စခန်းတွေနဲ့ အချုပ်စခန်းတွေကို လိုက်လံစစ်ဆေးစဉ်။ Photo: Kyaw Lwin Oo/ RFA
မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေဟာ မွန်ပြည်နယ် သထုံခရိုင်မှာရှိတဲ့ အကျဉ်းထောင်တွေ၊ ကုန်ထုတ်စခန်းတွေနဲ့ အချုပ်စခန်းတွေကို ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်တွေအရ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်တာ မတွေ့ရဘဲ အတန်အသင့် အားနည်းချက်တွေ တွေခဲ့ရတယ်လို့ စစ်ဆေးရာမှာ ပါဝင်တဲ့ အမျိုးသားလူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

ရင်းငြိမ်ကျောက်ထုတ်စခန်း၊ ဇင်းကျိုက်ကျောက်ထုတ်စခန်း၊ အင်းဗြောင်ကျောက်ထုတ်စခန်း၊ ရဲစခန်း အချုပ်စခန်း၊ တရားရုံးအချုပ်စခန်းနဲ့ သထုံ အကျဉ်းထောင်တွေကို ဒီနေ့ စစ်ဆေးခဲ့ပြီး မနက်ဖြန်မှာ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ အချုပ်တွေကို စစ်ဆေးသွားမယ်လို့သိရပါတယ်။

ဒီနှစ်အစကစပြီး ဇွန်လအထိ အကျဉ်းထောင်ပေါင်း ၁၄ထောင်စစ်ဆေးခဲ့ပြီး အဲဒီစစ်ဆေးချက်တွေအရ လူအခွင့်ရေးချိုးဖောက်တာတွေတစ်ချို့ရှိပြီး ရိုက်နက်တာ၊ စားရေးသောက်ရေးအဆင်မပြေတာ၊ မိသားစုနဲ့ တွေခွင့်မရတာ၊ အချုပ်သားတွေများတာ၊ မူးယစ်ဆေးဝါးနဲ့အကျဉ်းကျတာ များတာတွေ တွေ့ရှိခဲ့ရတယ်လို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။

သထုံခရိုင်အတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ကျောက်ထုတ်စခန်းတွေမှာ ကျန်းမာရေးမှူးတွေ ထားရှိပေးထားတယ်လို့ သိရပါတယ်။

တခြားတိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ အကျဉ်းထောင်တွေ၊ အချုပ်တွေ၊ ကျောက်ထုတ်စခန်းတွေကို မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင်က သွားရောက် စစ်ဆေးဖို့ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.