ကျည်ထောင်စုသစ္စာ သရော်စာနှင့် ပတ်သက်ပြီး ၆၆(ဃ) အမှုမှ လွတ်ခဲ့သည် ဗြိတိသျှ ကိုကိုမောင်အား တပ်မတော်က သတင်းမီဒီယာ ဥပဒေဖြင့် ထပ်မံတရားစွဲခံ


ကျည်ထောင်စုသစ္စာ သရော်စာနှင့် ပတ်သက်ပြီး သရော်စာရေးသားခဲ့သူ ၆၆(ဃ)အမှုမှ လွတ်ခဲ့သည် ဗြိတိသျှ ကိုကိုမောင် အား သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ - ခ ဖြင့် ထပ်မံတရားစွဲဆိုရန် အတွက် ဗဟန်းမြို့နယ် တရားရုံးတွင် တပ်မတော်က ဦးတိုက်လျှောက်ထား ခဲ့ကြောင်း သိရသည်။

The Voice သတင်းစာတွင် ဖော်ပြခဲ့သည့် ကျည်ထောင်စု သစ္စာ သရော် စာနှင့် ပတ်သက်ပြီး The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာရေးသားသူ ဗြိတိသျှ ကိုကိုမောင် တို့အား တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ)ဖြင့် တရားစွဲခံရသည်။

ထိုသို့ တရားစွဲခံရစဉ် ထိန်းသိမ်းခံထားရပြီး ရဲလုပ်ထုံးလုပ်နည်းအရ ဆက်သွယ်ရေးဝန်ကြီးဌာန၏ သဘောထား မှတ်ချက်တောင်းခံရာတွင် ၀န်ကြီးဌာနက ၎င်းအနေဖြင့် ဆက်သွယ်ရေး ဥပဒေနှင့် မငြိစွန်းသည့် အတွက် အမှုမှ တရားသေ လွတ်ခဲ့သော်လည်း တပ်မတော်မှ မေ ၁၇ ရက်က တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည့် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ ခ အား တရားရုံးက ယနေ့တွင် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗြိတိသျှကိုကိုမောင်(ခ) ကိုကျော်စွာနိုင်က “ကျည်ထောင်စုသစ္စာ သရော်စာနဲ့ပတ်သက်ပြီး တပ်မတော်က ကျွန်တော့်ကို မီဒီယာဥပဒေပုဒ်မ ၂၅- ခ နဲ့ ဗဟန်းတရားရုံးမှာ ဦးတိုက်လျှောက် စွဲဆိုလိုက်ပါပြီ” ဟု ၎င်းကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယနေ့ နေလယ်ပိုင်းက ရေးသားထားသည်။

ကျည်ထောင်စု သစ္စာ ဆောင်းပါးနှင့် ပတ်သက်ပြီး ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့အား ဒုတိယဗိုလ်မှူးကြီး လင်းထွန်းမှ မေ ၁၇ ရက်က ဗဟန်းရဲစခန်းတိုင်ကြားပြီး နှင့် ဗဟန်းမြို့နယ် တရားရုံးသို့ ဥပဒေအညီ အရေးယူပေးရန် ဦးတိုက်လျှောက်ထားခြင်းအား တစ်ရက် တည်း နှစ်နေရာတပြိုင်တည်း ပြုလုပ်ခဲ့သည်။

၎င်းတိုင်ကြားချက်အား ဗဟန်းမြို့နယ် ရဲစခန်းက ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့် အမှုစစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ပြီး ဗဟန်းမြို့နယ် တရားရုံးသို့သတင်းမီဒီယာ ဥပဒေ ၂၅(ခ)ဖြင့် တရားစွဲဆိုရန် ဦးတိုက် လျှောက်ထားချက်ကို ဇူလိုင် ၁၄ ရက်ရုံးချိန်းတွင် တရားရုံးက လက်ခံခဲ့ပြီး ယနေ့(ဇူလိုင် ၂၁ ရက်)ရုံးချိန်းတွင် စွပ်စွဲခံရသူများအား အမှုနှင့်ပတ် သက်ပြီး အသိပေးပြီး ကိုကိုမောင်အား သိန်း ၂၀ တန် အာမခံပေး ခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးစလုံးအား တပ်မတော် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)နှင့် သတင်းမီဒီယာ ဥပဒေ ၂၅(ခ)ဖြင့် စွဲဆိုခြင်းသည့် အမှုအကြောင်းအရာ တစ်ခုပေါ်တွင် နှစ်နေရာ လုပ်ဆောင်ခြင်းသည် တရားဥပဒေကြောင်းအရ မညီညွတ်သည့် အတွက် ရဲလက်စွဲဥပဒေအရ ရဲ ၆၆(ဃ)အမှုအား ချေဖျက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက် ထားရန် ရှိကြောင်း ဆိုသည်။

၎င်းတို့၏ ဥပဒေအကြံ ပေးဦးခင်မောင်မြင့်က “ပြောရင်တော့ ဥပဒေနဲ့ တော့ ညီညွတ်မှုမရှိဘူး။ ကျွန်တော်တို့ဘက်က ၆၆(ဃ)ကို အမှုတွဲ ချေဖျက်ပေးဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ဖို့ရှိတယ်။ ဘာလို့ ဥပဒေမညီသလဲ ဆိုရင် ရဲလက်စွဲဥပဒေအပိုဒ် ၁၄၁၆ မှာ အတိအကျ ပြဋ္ဌာန်ထားပါတယ်။ တိုင်တဲ့သူလည်း အတူတူ အတိုင်ခံသူလည်း အတူတူ တိုင်သည် အမှုအချင်းအကြောင်းအရာ အတူတူကို ရဲမှာလည်း တိုင်တယ်။ တရားရုံးလည်း ဦးတိုက်လျှောက်ထား မယ် ဆိုရင် ရဲကို လျှောက်ထားတဲ့ အမှု ပိတ်သိမ်းရမယ်လို့ အတိအကျ ပြဌာန်းထားတယ်။ ပြဌာန်းချက်ကို ဆန့်ကျင်ပြီး မပိတ်သိမ်းဘဲ အဲ့ဒါကို အရင်တင်လိုက်တယ်။ ၆၆(ဃ)နဲ့ တင်စစ်နေပြီးတော့မှ ဦးတိုက်လျှောက် ထားမှုကို သတင်းမီဒီယာ ဥပဒေ ၂၅(ခ)နဲ့ စွဲံဆိုတာသည် ဥပဒေ ပြဌာန်းချက် မညီညွတ်ရုံတင် မဟုတ်ဘူး ဆန့်ကျင်နေတယ်။ ပိတ်ရမယ် ဆိုတာ မပိတ်တဲ့ အတွက် ပိတ်ဖို့အတွက် တင်ဖို့ရှိပါတယ်” ဟု ပြောသည်။

စိုင်းဟန်
The Ladies News
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.