မကွေးတိုင်း ဝန်ကြီး ချုပ်ဟောင်း ပေးရမယ့် ရန်ပုံငွေကျပ် ၁ ဘီလီယံနီးပါး ကျန်နေသေး



ပျောက်ဆုံးနေတဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး ဧပြီလ ၂၅ ရက်နေ့က မကွေးတိုင်းအစိုးရအဖွဲ့က သတင်းမီဒီယာတွေကို ရှင်းလင်းစဉ်။ ဓါတ်ပုံ - ဇော်တူး/RFA
ဇူလိုင်လကုန်နောက်ဆုံးထားပြီး လက်ရှိမကွေးတိုင်းအစိုးရကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်ငွေ ၃ ဘီလီ ယံကျော် ပြန်လည်ပေးသွင်းဖို့ ကတိပြုထားတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေဟာ လက်ရှိအချိန်မှာ ကျပ် ၀.၉၇ ဘီလီယံ ပေးအပ်ဖို့ ကျန်နေသေးတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူဝန်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။

ပြန်လည်ပေးသွင်းရမယ့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို အရစ်ကျ ပေးသွင်းနေတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ဟာ ဇူလိုင်လ ၇ရက်နေ့က ၇ ကြိမ်မြောက် ပေးသွင်းခဲ့ပြီး ဒီနေ့အထိ ၂.၃ ဘီလီယံပေးသွင်းပြီးပြီလို့ မကွေးတိုင်းဒေ သကြီးအစိုးရအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူဝန်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။

"ဦးဘုန်းမော်ရွှေ ယခင်ဝန်ကြီးချုပ်ဟောင်းက ပေးရမယ်လို့ ပြန်ကြားလွှာမှာ ဖော်ပြထားတဲ့ ၃.၂၅ ဘီလီယံ နဲ့ ပတ်သက်လို့ အခုပြန်လည်ပေးလာတာဟာ စုစုပေါင်း ၇ ကြိမ်မှာ ၂.၃ ဘီလီယံကျော် ပြီးခဲ့တဲ့ ၇ ရက် ၇လ ၂၀၁၇ ရက်နေ့မှာပဲ သူရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးကြည်ထွန်းက မြန်မာ့စီးပွားရေးဘဏ်မှာ အစိုးရ ,ရငွေ စာရင်းမှာ လာပြီးပေးပြီး ဖြစ်ပါတယ်။ဒါကြောင့်မို့ ၂.၃ ဘီလီယံပေးပြီးဖြစ်တဲ့အတွက် ဝ.၉၇ ဘီလီယံပဲ ထပ်ပြီးပေးသွားဖို့ ကျန်တဲ့အတွက် ဇူလိုင်လနောက်ဆုံးပတ်မှာ သူတို့ကတိကဝတ်တိုင်းပဲ လာပေးမယ်လို့ အစိုးရက ယုံကြည်မျှော်လင့်ပါတယ်"

အရင် မကွေးတိုင်းအစိုးရလက်ထက်က ရေနံလက်ယက်တွင်းလုပ်ငန်းတွေကနေ ကောက်ခံရရှိထားတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေက ၇ ဘီလီယံကျော်ဟာ လက်ရှိအစိုးရသစ်ကို လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါ တယ်။

အဲဒီငွေကျပ် ၇ ဘီလီယံကျော်ထဲမှာ ငွေကျပ် ၄ ဘီလီယံကျော်ကိုတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ တယ်လို့ သိရပြီး  ၃ ဘီလီယံကျော်ကိုတော့  ဝန်ကြီးချုပ်ဟောင်းဦးဘုန်းမော်ရွှေက ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို လှူဒါန်း ခဲ့တဲ့ငွေ ကျပ် ၁.၇ ဘီလီယံ နဲ့ ရွှေသုခ ချေးငွေလုပ်ငန်းကို လွှဲပေးထားတဲ့ ၁.၅၇ ဘီလီယံ စုစုပေါင်း ၃ဘီလီယံကျော်  အသုံးပြုထားတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစားငွေရေးကြေးရေး အသင်း ဥက္ကဌ ဦးကြည်ထွန်းတို့က ဒီငွေကျပ် ၃ ဘီလီယံကျော်ကို လက်ရှိ မကွေးတိုင်းအစိုးရသစ် လက်ထဲ ဒီနှစ် ဇူလိုင်လကုန်မှာ အပြီး  ပြန်လည်ပေးအပ်ဖို့ ပြည်ထောင်စုအစိုးရက ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.