အမေရိကန်စင်တာစာကြည့်တိုက် မှတ်တမ်းရုပ်ရှင်ပြပွဲ



ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပတဲ့ အမေရိကန်စင်တာစာကြည့်တိုက် မှတ်တမ်းရုပ်ရှင်ပြပွဲမှာ တွေ့ရစဉ်။ Photo: Thant Zin Oo/ RFA
အမေရိကန်စင်တာစာကြည့်တိုက်နဲ့ ပတ်သက်တဲ့ အမှတ်တရ မှတ်တမ်းရုပ်ရှင်ပြသခြင်း အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ညက အင်းစိန်လမ်းမပေါ် စံရိပ်ငြိမ်ဂမုန်းပွင့်မှာရှိတဲ့ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ပြသတဲ့ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel လည်း တက်ရောက်ခဲ့ပါတယ်။

လက်ရှိ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းမှာရှိတဲ့ အမေရိကန်စင်တာစာကြည့်တိုက်ကို မကြာခင် တက္ကသိုလ်ရိပ်သာ လမ်းနဲ့ အင်းယားလမ်းထိပ်နေရာ ကို ပြေင်းရွှေ့တော့ မှာဖြစ်ပြီး နေရာဟောင်းက အမှတ်တရတွေကို မှတ်မိနေစေ ဖို့ ရိုက်ကူးဖြစ်တာလို့ အမေရိကန်စင်တာ ဒါရိုက်တာ ဦးကျော်ခိုင်က ပြောပါတယ်။

မှတ်တမ်းရုပ်ရှင်ထဲမှာ အမေရိကန်စင်တာမှာ စာသင်ပေးနေတဲ့ ဆရာ/ဆရာမတွေ၊ အင်္ဂလိပ်စာ သင်တန်းတွေမှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားတွေ၊ စင်တာထဲမှာ ရှိတဲ့ ကလပ်အသီးသီးမှာ ပါဝင်ဆောင်ရွက်ခဲ့သူတွေ အမှတ်တရ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေကိုမေးမြန်းရိုက်ကူးထားတာပါ။

အသစ်ပြန်လည်ဖွင့်လှစ်မယ့် အမေရိကန်စင်တာမှာ အင်္ဂလိပ်စာသင်တန်းတွေအပြင် ကျောင်းသားတွေကိုယ်တိုင် တီထွင်စမ်းသပ်နိုင်မယ့် ဓာတ်ခွဲခန်းတွေပါ ထည့်သွင်းသွား မယ်လို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.