အမေရိကန်ကို ကျော်ပြီး Facebook သုံးစွဲသူ အများဆုံးရှိတဲ့နိုင်ငံ


ကမ္ဘာကျော် လူမှုကွန်ယက်ကြီးတစ်ခု ဖြစ်တဲ့ Facebook ဟာ ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ သုံးစွဲသူ သန်း ၂၀၀၀ ကျော်သွားခဲ့ပါတယ်။ အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး Facebook ကို အများဆုံး သုံးစွဲကြတဲ့ ပရိတ်သတ်နံပါတ်တစ်ဟာ အမေရိကန်ပြည်ထောင်စု မဟုတ်ပါဘူး။


TheNextWeb မှ တင်လိုက်တဲ့ စာရင်းအရ အမေရိကန်ပြည်သူ သန်း ၂၄၀ Facebook သုံးနေချိန်မှာ အိန္ဒိယပြည်သူ ၂၄၁ သန်းက ဒီလူမှုကွန်ယက်မှာ ပုံမှန်သုံးစွဲနေပြီဖြစ်လို့ နံပါတ်တစ်နေရာက အမေရိကန်ကို ကျော်တက်နေပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပျမ်းမျှအားဖြင့် အိန္ဒိယမှ Facebook ပုံမှန်သုံးကြသူ ဦးရေဟာ ပြီးခဲ့တဲ့ ၆ လအတွင်း ၂၇ % အထိ တက်လာခဲ့တာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ယှဉ်ရင် သန်း ၅၀ ထိပိုများလာတာလည်း ဖြစ်ပါတယ်။

လူပေါင်း ၂၄၁ သန်း အထိ သုံးလာတယ်ဆိုပေမယ့် တကယ်တော့ အိန္ဒိယလူဦးရေ ရဲ့ ၁၉% ပဲ သုံးသေးတာ ဖြစ်လို့ Facebook အတွက် ပရိတ်သတ်ပမာဏ အများကြီးကျန်နေသေးတာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ လူဦးရေရဲ့ ၇၃% ဟာ Facebook သုံးနေတာ ဖြစ်လို့ ဈေးကွက်ပိုင်းအရ အိန္ဒိယဟာ Facebook ရဲ့ ကြော်ငြာစီးပွားရေး ချဲ့ ထွင်ဖို့ အတွက် အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။


Facebook ပိုင်တဲ့ messaging app တစ်ခုဖြစ်တဲ့ WhatsApp ဟာ အိန္ဒိယရဲ့ အကြိုက် လူမှုကွန်ယက်တစ်ခုလည်း ဖြစ်ပါတယ်။ WhatsApp မှာ video call ခေါ်ဆိုမှုအများဆုံးအဖြစ် အိန္ဒိယက ဦးဆောင်နေပြီး တစ်ကမ္ဘာလုံးသုံးနေတာရဲ့ ၆ ပုံတစ်ပုံ ရှိပါတယ်။ လက်ရှိ အိန္ဒိယမှာ လစဉ် WhatsApp သုံးစွဲသူပေါင်း သန်း ၂၀၀ ရှိနေပါတယ်။

===========

Duwun
Image may contain: phone
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.