H1 N1 ကာကွယ်ရေး နီနီခင်ဇော် မျက်နှာဖုံးကမ်ပိန်းပြုလုပ်



H1N1 ကာကွယ်ရေး အသိပညာပေး အနေဖြင့် အဆိုတော် နီနီခင်ဇော်က Mask မျက်နှာဖုံးတပ်ရေး ကမ်ပိန်း လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း ၎င်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွင် ယနေ့(ဇူလိုင် ၂၆ ရက်)ရေးထားသည်။

“H1N1 အတွက် အားလုံးစိုးရိမ်နေကြမယ် ထင်ပါတယ်။ "Prevention is better than cure" SuperRed ကနေ နီနီတတ်နိုင်တာလေး Awareness လုပ်ပေးပါ ရစေ... တကယ်တော့ N 95 Mask ကတော့ ပိုကောင်းပါ လိမ့်မယ်... အခု လူထူထပ်တဲ့ နေရာလေးတွေ Junction City လို နေရာလေးတွေမှာ SupeRed Team များက Mask Campaign လုပ်ပေးနေပါတယ်... ပင်ပန်းနေတဲ့ကြားထဲ နီနီအတွက်ကူညီပေးကြတဲ့ Super Red Team အဖွဲ့သားများကို ကျေးဇူးတင်ပါတယ်။ အားလုံး ရောဂါအန္တရာယ်များမှ ကင်းဝေးနိုင်ပါစေ”ဟု ရေးသားထားသည်။

နိုင်ငံအတွင်း H1N1 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လျက်ရှိပြီး လူပေါင်း ၁၃ ဦး အား H1N1 ကူးစက်ခံထားရကြောင်း နှင့် ချင်းပြည်နယ်ရှိ လူငယ် တစ်ဦးမှာ အဆိုရောဂါလက္ခဏာ ခံစားပြီး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

၎င်းအပြင် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ အသစ်ရောက်ရှိလာသည့် သံသယရှိ လူ ၁၂ ဦး မှ ၃ ဦးတွင် H1N1တွေ့ရှိပြီး အဆိုပါ လူနာ ၃ ဦးမှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဗဟိုအမျိုးသမီးဆေးရုံတွင် ဆေးကုမှုခံယူနေသည့် အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ပြင်းထန် အဆုတ်ရောင်ရောဂါ ဖြင့် ကွယ်လွန်သွားကြောင်း Myanmar CDC မှ ဇူလိုင် ၂၅ ရက်နေ့ညပိုင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- နီနီခင်ဇော်ဖေ့စ်ဘွတ်မှကူးယူဖော်ပြသည်။
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.