H1N1 လူနာ ၃ ဦးကို တွေ့ရှိထား



( ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ် ) Photo: Zarni Htun/ RFA
ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ H1N1 ဖြစ်ပွားသူ လူနာ ၃ ဦးကို တွေ့ရှိထားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလူနာ ၃ ဦးထဲမှာ ၂ ဦးဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသခံနေပြီး ကျန်တဲ့လူနာတစ်ဦးကတော့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှာ ကုသမှုခံယူနေသူဟာ ရောဂါသက်သာမှုရှိလာပေမယ့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေသူ ၂ ဦးကတော့ သက်သာမှုမရှိသေးဘူးလို့လည်း သိရပါတယ်။

H1N1 ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ရန်ကုန်၊ ဧရာဝတီ နဲ့ နေပြည်တော်တို့မှာ နေထိုင်သူ တွေဖြစ်ပါတယ်။

ဆေးရုံတွေမှာ တက်ရောက်နေသူတွေထဲက သံသယဖြစ်စရာ တုပ်ကွေးလူနာတွေ့ရှိရင် ဓာတ်ခွဲနမူနာတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနကို ပေးပိုဆောင်ရွက်ဖို့ ၀န်ကြီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဲဒီရောဂါလက္ခဏာတွေက သာမန်တုပ်ကွေးအဖျားရောဂါနဲ့ တူသလိုရှိတဲ့အတွက် နှစ်ရက်ထက်ပိုပြီး တုပ်ကွေးမသက်သာရင် နီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာ ကုသမှုခံယူဖို့ လိုပါတယ်။

H1N1 ကူးစက်ခံရသူတစ်ဦးမှာ တွေ့ရှိရနိုင်တဲ့ ရောဂါလက္ခဏာတွေက ဖျားနာတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ သတိလစ်တာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာ၊ လက်ဖျားခြေဖျားအေးစက်တာတွေ ခံစားရနိုင်ပါတယ်။

အဲဒီရောဂါပိုးကို ဖြစ်မှ ကုသတာထက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်း လုံခြုံစွာ တပ်ဖို့၊ အရာဝတ္ထုပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောဖို့၊ လူနေထူထပ်တဲ့ နေရာတွေကို သွားလာတာ ရှောင်ကြဉ်ဖို့ နဲ့ ချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ အုပ်စိုးဖို့တို့ပဲ ဖြစ်ပါတယ်။

H1N1 ရောဂါပိုးကူးစက်ခံရသူတွေကို မြန်မာနိုင်ငံမှာ ဒါပထမဆုံးအကြိမ် တွေ့ရှိတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.