ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် Liu Xiaobo ကွယ်လွန်

ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် Liu Xiaobo

အကျဉ်းကျနေတဲ့ တရုတ်အတိုက်အခံ တက်ကြွလှုပ်ရှားသူ၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် Liu Xiaobo ဟာ ဒီကနေ့ပဲ အသည်းကင်ဆာ ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ အသက် ၆၁ နှစ်အရွယ် Liu Xiaobo ဟာ အသည်းကင်ဆာ နောက်ဆုံးအဆင့် ခံစားနေရတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတဦးအဖြစ် ၈ နှစ်ကြာ နေခဲ့ရတဲ့ အကျဉ်းထောင်ကနေ ဆေးကုသဖို့ ပြောင်းရွှေ့ပေးခဲ့တဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ဖက် Shenyang ဒေသက ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့တာပါ။

မကွယ်လွန်ခင် နောက်ဆုံးအချိန်တွေမှာတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပေးခဲ့တဲ့ အခြေအနေနဲ့ မိသားစုက အမေရိကန် ဒါမှမဟုတ် ဂျာမနီနိုင်ငံမှာ ဆေးကုသမှု ခံယူခွင့်ရဖို့ ခွင့်တောင်းခဲ့တာကို တရုတ်အစိုးရက ငြင်းဆန်ခဲ့တဲ့အတွက် အခြေအတင် ပြောစရာ အခြေအနေတွေလည်း ကြုံခဲ့ရပါတယ်။

အစိုးရရဲ့ ကန့်သတ်မှုတွေကြားမှာဘဲ နာမည်ကျော် စာရေးဆရာ၊ ကောလိပ်ကျောင်း ကထိကတဦးလည်းဖြစ်တဲ့ Liu Xiaobo ဟာ တရုတ်ရိုးရာ အစဉ်အလာတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိပြီး၊ တခြားစာပေသမားတွေကိုလည်း ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးကြဖို့ တိုက်တွန်းခဲ့တာပါ။ နယူးယောက် ကိုလံဘီယာ တက္ကသိုလ်မှာ ကျောင်းတက်နေချိန်မှာပဲ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ Tiananmen ရင်ပြင် လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

ကျောင်းသားလှုပ်ရှားမှုတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက သူ့ကိုဖမ်းဆီးထောင်ချခဲ့တာပါ။ ၁၉၉၁ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာပြီး နောက်မှာလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ တောင်းဆိုမှုကြောင့် ထပ်မံဖမ်းဆီးခံခဲ့ရပြီး၊ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ အလုပ်ကြမ်းစခန်းမှာ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားတဲ့ Charter 08 စာတမ်းကို ပြုစုခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေ ဖမ်းဆီးတာခံခဲ့ရပြီး၊ အတိုက်အခံတွေကို အရေးယူရာမှာ သုံးလေ့ရှိတဲ့ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးမှုနဲ့ ထောင်ဒဏ် ၁၁ နှစ် အပြစ်ပေးခံခဲ့ရတာပါ။ ၂၀၁၀ ပြည့်နှစ်မှာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုတွေအတွက် Liu Xiaobo ဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.