နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဆေးကုသရေး၊ ကန်ဆရာဝန် လွှတ်ဖို့စီစဉ်


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo

ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် တရုတ်နိုင်ငံရေးအတိုက်အခံ Liu Xiaobo ဆေးဝါးကုသခံယူနိုင်ရေး အတွက် အမေရိကန်ပြည်ထောင်စုကနေ ဆရာဝန် တဦးစေလွှတ်ပေးဖို့ စီစဉ်နေပါပြီ။

အသက် ၆၁ နှစ်အရွယ် Liu Xiaobo ဟာ တရုတ်နိုင်ငံမှာ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်၊ အကြမ်းမဖက်တိုက်ပွဲဝင်ခဲ့တာကြောင့် ၂၀၀၉ ခုနှစ်က နိုင်ငံတော် ပုန်ကန်မှုနဲ့ ၁၁ နှစ် အကျဉ်းကျခဲ့ပြီး၊ အသဲကင်ဆာနောက်ဆုံးအဆင့် ခံစားနေရ တာကြောင့် ဇွန်လကုန်ပိုင်းက ဆေးကုသဖို့အတွက် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း Shenyang မြို့ကဆေးရုံကိုပို့ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဌာန ပြောခွင့်ရ Anna Richey-Allen က အမေရိကန်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ၊ တရုတ်နိုင်ငံကိုခရီးသွားလာနိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကူအညီပေးမှာဖြစ်ပြီး၊ တရုတ်အာဏာပိုင်တွေအနေနဲ့ အမေရိကန်ဆရာဝန်တွေကို Liu Xiaobo ဆီ အကန့်အသတ်မရှိ သွားလာခွင့်ပြုဖို့ ပန်ကြားထာပြီးဖြစ်တယ်လို့ ပြောပါတယ်။

ပုံမှန်အားဖြင့် အရေးကြီးပုဂ္ဂိုလ်တွေကိုသာ နေရာပေးလေ့ရှိတဲ့ တရုတ်ဆေးဘက်ပညာသိပံ္ပတက္ကသိုည်ဆေးရုံရဲ့ ၂၃ ထပ်မှာLiu Xiaobo ကိုဆေးကုပေးနေတာဖြစ်ပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.