Myanmar Now သတင်းအယ်ဒီတာ ကိုဆွေဝင်း ဖမ်းဆီးခံရ


စုံစမ်းထောက်လှမ်း သတင်းရေးသားမှုတွေမှာ နာမည်ကျော်ကြားလာနေတဲ့ သတင်းထောက်တဦးဖြစ်တဲ့ ကိုဆွေဝင်းကို မင်္ဂလာဒုံရဲတပ်ဖွဲ့က ဒီကနေ့ ညနေပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ကိုဆွေဝင်းနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းထံမှ သိရပါတယ်။

ကိုဆွေဝင်းဟာ ခရီးသွားဖို့ လေဆိပ်ကို လာရောက်ရင်း ဒီကနေ့ ညနေပိုင်းက အဖမ်းခံရတာလို့ ကိုဆွေဝင်းရဲ့ သူငယ်ချင်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးအောင်က ဘီဘီစီကို ပြောပါတယ်။

သူကိုယ်တိုင်လည်း မင်္ဂလာဒုံရဲစခန်းကို အခုလိုက်သွားနေတဲ့အတွက် ဘာအမှုနဲ့ ဖမ်းဆီးတယ်ဆိုတာ တိတိကျကျမသိရသေးဘူးလို့ ကိုအေးအောင်က ဇူလိုင်လ ၃၀ ရက်နေ့ ည ၈ နာရီအချိန်မှာ ဘီဘီစီကို ပြောပါတယ်။

#ဘီဘီစီ မြန်မာပိုင်း
ဓါတ်ပုံ-ကိုဆွေဝင်းဖေ့ဘုပ်
ကိုဆွေဝင်းအား ယခင်က ရဲဌာနတခုမှာတွေ့ရစဉ်
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.