Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ဖမ်းဆီးခံရ


Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း
Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးဆွေဝင်းကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၆/ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးဆွေဝင်းက ဘန်ကောက် ရုံးခွဲကို ရုံးလုပ်ငန်းတွေ လွှဲပြောင်းပေးစရာတွေ ရှိတာကြောင့် တညအိပ် ခရီး အနေနဲ့ သွားဖို့ ရန်ကုန်လေဆိပ်ကြီးကို အရောက်မှာ မင်္ဂလာဒုံ ရဲစခန်းက ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။

မဘသ ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်ပြီး ရေးသားထားချက်ကို ဦးဆွေဝင်းက သူ့ရဲ့ လူမှုကွန်ယက်မှာ မျှဝေတာကို မကျေနပ်တဲ့ ကိုကျော်မျိုးရွှေက ဆက်သွယ်ရေး ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်ထားတာပါ။

ဒီအမှုနဲ့ ပတ်သက်လို့ လာရောက် အဖမ်းခံဖို့ ရဲစခန်းက ဦးဆွေဝင်းကို လာရောက် အဖမ်းခံဖို့ အကြောင်းကြားခဲ့ပြီ ဦးဆွေဝင်းဘက်က လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ လာရောက် အဖမ်းခံပါမယ်လို့ အကြောင်းကြားခဲ့ပြီးနောက် ဒီကနေ့ အဖမ်းခံရတာ ဖြစ်တယ်လို့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.