ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးဟု ဆိုသူကို PCMJ က အမှုဖွင့်လိုက်ကြောင်း သတင်းထုတ်ပြန်

ရန်ကုန်တိုင်းစစ်ဌာနချူပ်မှ တာဝန်ရှိသူတစ်ဦးဟုဆိုသူအား ၂၀၁၇ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မူနှင့်
ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမူကို ကာကွယ်ပေးရေးဥပဒေအရ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ-PCMJ က
ဇွန်၃၀ ရက်တွင်ဗဟန်းမြို့နယ်ရဲစခန်း၌အမှုဖွင့်လိုက်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၃၀ ရက်နေ့ကThe Voice အယ်ဒီတာချုပ်
ဦးကျော်မင်းဆွေ၏ အမှုရုံးချိန်းတွင် သတင်းမီဒီယာများက သွားရောက်သတင်းယူကြစဉ် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ
တပ်ကြပ် စိုးမြင့်အောင်(ကိုယ်ပိုင်အမှတ် ၈၅၂၂၉ ၄) က
တရားရုံး ပြင်ပတွင် သတင်းရယူနေသော သတင်းသမားများ၊ စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်တို့၏ လှုပ်ရှားမှုမှန်သမျှကို သိသိသာသာရော မသိမသာ လိုက်လံ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းများရှိကြောင်း
ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ခွင့်ပြုချက်တောင်းခြင်းမရှိဘဲ
မရိုးဖြောင့်သောသဘောဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေးကို ထိခိုက်စေသည့် ရှုထောင့်မျိုးစုံမှ ရိုက်ကူးခဲ့သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း PCMJက
သတင်းထုတ်ပြန်ထားသည်။

မြန်မာသတင်းသမားများကာကွယ်ရေး ကော်မတီ(PCMJ) မှ သတင်းသမားများက ၎င်းကို ခေါ်ယူ၍မည်သည့်အတွက်
ကြောင့် သတင်းသမားများ၏ ဓာတ်ပုံနှင့် လှုပ်ရှားမှုများကို
မှတ်တမ်းတင်ကြောင်း မေးမြန်းရာ ရေရေရာရာ
ဖြေကြားနိုင်ခြင်းမရှိဘဲ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှဖြစ်ကြောင်း ပြောဆိုပြီး၎င်း၏အထက်သို့ ဖုန်းဆက်မည်ဟု ပြောဆိုခဲ့ခြင်းများရှိကြောင်း တပ်ကြပ်စိုးမြင့်အောင်နှင့်ပတ်သက်သည့်
ဗီဒီယိုဖိုင်များ၊ သက်သေများကိုလည်း မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ရရှိထားပြီးဖြစ်ကြောင်း
ဆိုသည်။

၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်
ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအရ နိုင်ငံသားများဖြစ်သည့် သတင်းထောက်များ၏ လုံခြုံမှုနှင့်
လွတ်လပ်မှုကို များစွာထိခိုက်သည့်အတွက်ဆိုကာ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဗဟန်းမြို့မ
ရဲစခန်းတွင် ဇွန်လ ၃၀ ရက်နေ့တွင်အမှုဖွင့်
တိုင်ကြားလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုသို့တိုင်ကြားမှုအပေါ် ဗဟန်းရဲစခန်းမှ ဒုတိယမြို့နယ်မှူးက တိုင်စာကို လက်ခံထားပြီး ဥပဒေအရ ဆက်လက်
ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက အနီးကပ်စောင့်ကြည့်ပြီး လိုအပ်သည့် ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ထပ်မံဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

စိုင်းဟန်

The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.