လားရှိုး-မန်တုံသို့ ယာဉ်လိုင်းပြေးဆွဲနေသည့် ကားသများထံ RCSS တပ်ဖွဲ့က ဆက်ကြေး ကောက်ခံနေသည်ဟု သိရ


ဇူလိုင် ၂ ရက်၊ မားနဂါး၊ လားရှိုး။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်း လွယ်တောက်ကျေးရွာတွင် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင် စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)သည် ၂ဝ၁၇ခု ဇူလိုင်လ ၁ရက်မှ စတင်ကာ မန်တုံကားသမားများထံ ဆက်ကြေး များ ကောက်ခံနေကြောင်း သိရသည်။

ဆက်ကြေးများ ကောက်ခံနေသည့် RCSS တပ်ဖွဲ့သည် ပြေစာများလည်း ပေးဆောင်ခြင်းမရှိဘဲ မန်တုံမှ လားရှိုး၊ နမ့် ဆန်မှ လားရှိုးသို့ အဆင်းကားများကိုသာ ကောက်ခံနေသည် ယာဉ်မောင်းများက ပြောသည်။

ယာဉ်မောင်းတစ်ဦးက "သူတို့က မနေ့(ဇူလိုင် ၁ ရက်)မှ စကောက်တာပါ။ ကောက်တာလဲ သတ်မှတ်ထားတဲ့နှုန်း မရှိ ဘူး ကားအမျိုးအစားပေါ် မူတည်ပြီးကောက်နေတာ။ ပြီးတော့ ပြေစာလဲ မပေးဘူး။ ပြေစာပေးရင်တော့ သက်သာတာ ပေါ့။ အခုကောက်တာက များလွန်းတယ် တစ်စီးကို တစ်သိန်းနှစ်သောင်းတောင်းတာလေ။ ထောင်ဂဏန်း သောင်းဂ ဏန်းဆိုရင် ပြဿနာ မရှိဘူး" ဟု မားနဂါးသတင်းဂျာနယ်သို့ ဇူလိုင် ၂ ရက်တွင် ပြောသည်။

ဇွန်လ ၃ဝ ရက်တွင်လည်း လားရှိုးမှ မန်တုံသို့ ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦး တင်ဆောင်သွားသည့် ဆန် ၁၈ အိတ်ကို ၎င်း RCSS တပ်ဖွဲ့ ဆက်ကြေးကောက်ခံသည့် လားရှိုးမြို့နှင့် ၁၆မိုင်ကျော် အကွာအဝေးရှိသည့် လွယ် တောက်ရွာတွင် ချထားခိုင်းပြီး ယာဉ်မောင်းကို လားရှိုးဘက်သို့ ပြန်လှည့်ခိုင်းခဲ့ကြောင်း ယာဉ်မောင်းတစ်ဦးက ဆို သည်။

ဆက်ကြေးကောက်ခံရာတွင် ကားအမျိုးအစားပေါ် မူတည်ကာ ၅ သောင်း၊ တစ်သိန်းနှစ်သောင်း၊ ၂ သိန်း စသဖြင့် ကောက်ခံနေကြောင်း၊ ဖြတ်သန်းသွားလာသည့် ကား၊ ဆိုင်ကယ်များကိုလည်း စစ်ဆေးနေကြောင်း သိရသည်။

လားရှိုး-မန်တုံသို့ ယာဉ်လိုင်းပြေးဆွဲနေသည့် ကားဆရာများသည် RCSS တပ်ဖွဲ့၏ ဆက်ကြေးကောက်ခံနေခြင်း ကြောင့် လက်ရှိအချိန်တွင် သွားလာရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

Photo- RFA
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.