မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် A(H1N1)ရောဂါဖြင့် တက်ရောက်နေသူ ငါးဦးအနက် ၂ ဦးတွင် ရောဂါပိုးတွေ့ရှိ


မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ(Seasonal Influenza A(H1N1) pdm 2009)ဖြင့် တက်ရောက်နေသူ ငါးဦးအနက် ၂ ဦးတွင် ရောဂါပိုးတွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာဒေါ်သန်းသန်းမြင့်က ပြောသည်။

"ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနရဲ့ ဆေးစစ်ချက်အဖြေအရ ဇူလိုင် ၃၀ ရက်နေ့က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက်နေတဲ့ ရမည်းသင်းမြို့နယ်က အသက် ၆၀ အရွယ်အမျိုးသမီးကြီးတစ်ဦးနဲ့ ပုသိမ်ကြီးမြို့နယ်က အသက် ၁၇ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ Positive ဖြစ်ကြောင်း သိရတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ဒီမြို့နယ်နှစ်ခုမှာ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေအဖြစ် လူနာနဲ့ ထိတွေ့တဲ့၊ စပ်ဆက်တဲ့ မိသားစုဝင်တွေကို နေ့စဉ် ဖျားနာမှုရှိ၊ မရှိ စောင့်ကျပ်ကြည့်ရှုနေပါတယ်။"ဟု ၎င်းက ပြောသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ရာသီတုပ်ကွေးရောဂါ A(H1N1) လူနာများအဖြစ် တက်ရောက်လာသူများအတွက် Dsolation Ward ကို ပြင်ဆင်ထားရှိကာ လူနာ ၂၈ ဦးအထိပစ္စည်းကိရိယာ အစုံအလင်ဖြင့် ကုသပေးနိုင်ပြီး ယခုရောဂါပိုးတွေ့ရှိသူ လူနာနှစ်ဦးမှာလည်း ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်နေပြီး အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိစေရန် စနစ်တကျ ကုသမှုများလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ပြင်းထန်အဆုတ်ရောင်ရောဂါ A(H1N1) သည် ရာသီဥတုအခြေအနေပေါ်မူတည်၍ ဖြစ်ပွားလေ့ရှိခြင်းကြောင့် ပြည်သူလူတုအနေဖြင့် ကြိုတင်ကာကွယ်ခြင်းဖြင့် ရောဂါကူးစက်ခံရခြင်းမှ ရှောင်ရှားနိုင်ကြောင်းနှင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အဆိုပါရောဂါသံသယလူနာအဖြစ် တက်ရောက်ကုသနေသူများအနက် မြင်းမူမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ အသက် ၂၅ နှစ်ခန့်အရွယ်အမျိုးသမီးလူနာနှစ်ဦး၏ နှာခေါင်းတို့ဖက်ကို စစ်ဆေးနိုင်ရန် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ သြဂုတ်လ ၁ ရက်နေ့တွင် ပေးပို့ထားကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.