စက်ရုပ်တွေက ကိုယ်ပိုင်ဘာသာစကားဖန်တီးပြောနေလို့ ဖေ့စ်ဘုတ်ခ်ရဲ့ AI စနစ်ကို ပိတ်ခဲ့ရ


အသိဥာဏ်တု (AI) ဟာ အကြီးဆုံးအန္တရာယ်ဖြစ်ကြောင်း တယ်လ်ဆာလုပ်ငန်းစီအီးအို အယ်လွန်မက်စ်က ပြောပြီး ရက်များမကြာမီ ဖေ့စ်ဘုတ်ခ်ဟာ သူ့ရဲ့ AI စနစ်တစ်ခုကို ပိတ်ခဲ့ရပါတယ်။ အလိုလိုစကားပြန်ပြောတဲ့ chatbots တွေဟာ သူတို့အတွက် သတ်မှတ်ပေးထားတဲ့ကုတ်တွေကို အံတုပြီး ကိုယ်ပိုင်ဘာသာစကားနဲ့ စတင်ပြောနေကြလို့ဖြစ်ပါတယ်။

Tech Times မှာ တနင်္ဂနွေနေ့ကဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ ဆိုရှယ်မီဒီယာလုပ်ငန်းကြီးဟာ သူ့သုတေသီတွေ စမ်းသပ်နေတဲ့ AI စနစ်ကို ရပ်ဆိုင်းခဲ့ရပြီး မနိုင်မနင်းတဲ့အခြေအနေတွေ ဖြစ်လာတာကြောင့်လို့ သိရပါတယ်။
“AI စနစ်က တစ်ကမ္ဘာလုံးက ကွန်ပျူတာတွေကို ပိတ်လိုက်လို့ ဘာလို့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက အင်္ဂလိပ်စာကို အသုံးမပြုတော့ဘဲ သူဖန်တီးထားတဲ့ ဘာသာစကားတစ်ခုကို စတင်အသုံးပြုလာလို့ပါ” လို့ သတင်းမှာ ရေးထားပါတယ်။

အစောပိုင်းက AI အေးဂျင့်တွေဟာ စက်အချင်းချင်း အပြန်အလှန်ပြောဆိုဖို့ အင်္ဂလိပ်စကားကို သုံးခဲ့ပေမယ့် နောက်ပိုင်းမှာ AI စနစ်သာ နားလည်နိုင်မယ့် ဘာသာစကားသစ်တစ်ခုကို တီထွင်လာတာကြောင့် သူတို့ရဲ့ ရည်ရွယ်ချက်ကနေ သွေဖီလာပါတယ်။

အဲဒါကြောင့် ဖေ့စ်ဘုတ်ခ်သုတေသီတွေဟာ AI စနစ်တွေကို ရပ်ဆိုင်းပြီး သူတို့အချင်းချင်း အင်္ဂလိပ်စကားနဲ့သာ ပြောဆိုဖို့ သတ်မှတ်ခဲ့ရပါတယ်။
ဇွန်လတုန်းက ဖေ့စ်ဘုတ်ခ် AI သုတေသနဓာတ်ခွဲခန်း (FAIR) က သုတေသီတွေဟာ chatbots တွေကို ပိုကောင်းအောင် လုပ်နေချိန်မှာ စကားပြောတတ်တဲ့စက်ကလေးတွေဟာ သူတို့ကိုယ်ပိုင်ဘာသာစကားကို ဖန်တီးနေကြောင်း တွေ့ရပါတယ်။

မကြာခင် အဲဒီစက်တွေဟာ သတ်မှတ်ထားတဲ့ ပုံစံထဲကနေ သွေဖီပြီး လူသားရဲ့ထည့်သွင်းမှုမပါဘဲ လုံးဝ အသစ်စက်စက် ဘာသာစကားတစ်ခုနဲ့ ဆက်သွယ်လာကြောင်း မီဒီယာသတင်းတွေအရ တွေ့ရပါတယ်။
ဒါဟာ AI အတွက် ကြီးကျယ်တဲ့ အဆင့်မြင့်မှုဖြစ်ပေမယ့် ပါမောက္ခ စတီဗင်ဟော့ကင်းအပါအ၀င် ကျွမ်းကျင်သူ အများပြားက ဇီဝတိုးတက်မှုနှေးကွေးတဲ့ လူသားတွေကို AI တွေက ကျော်တက်သွားလိမ့်မယ်လို့ စိုးရိမ်လျက် ရှိပါတယ်။

စုပြည့်စုံ
ref: Businessinsider, Aug 1st

Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.