မူးယစ်ဆေးဝါး သယ်ဆောင်လာသူ သုံးဦးနှင့် အပြန်အလှန် ပစ်ခတ်ဖမ်းဆီး



မူးယစ်ဆေးဝါးသယ်ဆောင်လာသူသုံးဦးမှ သေနတ်ဖြင့် ပစ်ခတ်ခုခံခဲ့သော်လည်း ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပြီး WYဆေးပြား( ၁၀၀၀) ပြားနှင့်အတူ လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိ
ကော့ကရိတ် သြဂုတ် ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသော ယာဉ်အား ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးစဉ် မောင်းပြန်သေနတ်ဖြင့် ငါးချက်ပြန်လည်ပစ်ခတ် ခုခံသော်လည်း ထပ်ကြပ်မခွာ လိုက်လံဖမ်းဆီးရာမှ WYဆေးပြား(၁၀၀၀)ပြားနှင့်အတူ လက်နက်ခဲယမ်းများ၊ ဖြူးစ်ပါ လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ၃၁-၇-၂၀၁၇ရက်နေ့ ၂၀:၃၀အချိန် ဘားအံခရိုင်မှုခင်း နှိမ်နင်းရေး အဖွဲ့မှ ရဲအုပ်သက်စိုးဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဘားအံ-မြဝတီကားလမ်း၊ ကော့ကရိတ်မြို့နယ်၊ ရေပူကြီးကျေးရွာအုပ်စု၊ ညီညာသာလင်းကျေးရွာ၊ အောင်ချမ်းသာကျောင်းအနီးတွင် စောင့်ဆိုင်းနေစဉ် ကျုံဒိုးမြို့ဘက်မှ ယာဉ်မောင်းစောထိကွေ(ခ) ထွန်းရီ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ရဲမင်း(ခ)ကမွီးနှင့် စောအောင်မြင့်တို့ လိုက်ပါစီးနင်းလာသော နံပါတ်မပါ HONDA FIT အမျိုးအစားခဲရောင် မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးပါသည်။

အဆိုပါယာဉ်မှာ အစစ်ဆေးမခံဘဲ သေနတ်ဖြင့် (၅)ချက် ပြန်လည်ပစ်ခတ်ခုခံ၍ ယာဉ်အား မောင်းနှင်ထွက်ပြေးသွားသဖြင့် ထပ်ကြပ်မခွာ လိုက်လံပိတ်ဆို့ ဖမ်းဆီးရမိခဲ့သည်။

သက်သေများရှေ့ ယာဉ်နှင့်လူတို့အား ရှာဖွေခဲ့ရာ စောအောင်မြင့်ထံမှ ကျည်အိမ်အသင့်တပ်ထားပြီး ၅.၅၆ကျည်ရှစ်တောင့် အသင့်ထည့်ထားလျက် ကျည်ဘောက်ပါ M16အမျိုးအစား၊ မောင်းပြန်သေနတ် အရှည်တစ်လက်၊ ရဲမင်း(ခ)ကမွီးလွယ်ထားသော TOUGH JEAN SMITH စာတမ်းပါ အစိမ်းရောင်လွယ်အိတ်အတွင်းမှ ဖြူးအသင့်တပ်ထားသော 91 အမျိုးအစား လက်ပစ်ဗုံးတစ်လုံး၊ ကျည်နှစ်ဆယ်တောင့်ဆီထည့်ထားသော M16သေနတ် ကျည်အိမ်နှစ်ခု၊ ၎င်းခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် SUSPENCERS INDIVIDUAL EQUIPMENT BELTLC 1စာတန်းပါ အမဲရောင် အီကွင်းမင့်တစ်စုံ၊ ယာဉ်ပေါ်ရှိ သားရေလွယ်အိတ် အသေးတစ်လုံးအတွင်း အဖြူရောင် ပလက်စတစ်အိတ်ဖြင့်ပတ်၍ အပြာရောင် ကပ်ခွာအိတ်များဖြင့် ထည့်ထားသော WYဆေးပြားစုစုပေါင်း (၁၀၀၀)ပြား၊ အလေးချိန်(၁၀၀)ဂရမ်ခန့်၊ ကာလတန်ဘိုး သိန်းသုံးဆယ်ကျပ်ခန့်၊ ဆေးရှူရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်များ၊ ၅.၅၆ကျည်ခွံ(၅)ခု၊ လက်နက်ကိုင်အဖွဲ့အစည်း တံဆိပ်ပါ အစိမ်းရောင်ပျောက်ကျားဦးထုပ်တစ်လုံးနှင့် တံဆိပ်မပါပျောက်ကျားဦးထုပ်တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် လက်နက်ကိုင်ဆောင်၍မူးယစ်ဆေးဝါးသယ်ဆောင်လာသော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ အုပ်စု၊ နို့ထီးလယ်ကျေးရွာ နေသူသုံးဦးဖြစ်သည့် စောထိကွေ(ခ)ထွန်းရီ၊ (၂၈-နှစ်)၊ ရွာ၊ ရဲမင်း(ခ)ကမွီး၊ (၄၁-နှစ်)၊ စောအောင်မြင့်၊ (၅၀-နှစ်)တို့ သုံးဦးအားရဲအုပ်သက်စိုးဦးမှတရားလိုပြုလုပ်ကာကျုံဒိုးနယ်မြေရဲစခန်းတွင်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7747,interview,221,knowledge,9,Live,8,LocalNews,16388,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,159,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: မူးယစ်ဆေးဝါး သယ်ဆောင်လာသူ သုံးဦးနှင့် အပြန်အလှန် ပစ်ခတ်ဖမ်းဆီး
မူးယစ်ဆေးဝါး သယ်ဆောင်လာသူ သုံးဦးနှင့် အပြန်အလှန် ပစ်ခတ်ဖမ်းဆီး
https://2.bp.blogspot.com/-Gy3KZPj0uIg/WYBj22HT5HI/AAAAAAABR64/n2MXzK7C17Ih5NLdnGUNpWOS8Faevi9RQCLcBGAs/s640/6.jpg
https://2.bp.blogspot.com/-Gy3KZPj0uIg/WYBj22HT5HI/AAAAAAABR64/n2MXzK7C17Ih5NLdnGUNpWOS8Faevi9RQCLcBGAs/s72-c/6.jpg
dawnmanhon
http://www.dawnmanhon.com/2017/08/blog-post_15.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/08/blog-post_15.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy