ဂျပန်-မြန်မာချစ်ကြည်ရေးကို ဦးတည်၍ ဇာတိမြေရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်၊ ၈၈ အရေးတော်ပုံကို ဇာတ်အိမ်အခြေခံထားဟုဆို



ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဦးတည်၍ My Country My Home (ဇာတိမြေ) ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင် အဓိကဇာတ်ကောင်များအဖြစ် အကယ်ဒမီရန်အောင်၊ အောင်ရဲလင်း၊ အကယ်ဒမီ ၀တ်မှုံရွှေရည်၊ ဂျပန်သရုပ်ဆောင် (J-Pop အဆိုတော်) မိုရီဆာကီဝင်းတို့မှ သရုပ်ဆောင်ကြမည် ဖြစ်သည်။

ဇာတ်ဝင်ခန်းများကို ဂျပန်နှင့်မြန်မာ နှစ်နိုင်ငံလုံးတွင် ရိုက်ကူးမည်ဖြစ်ပြီး ၈၈ အရေးတော်ပုံကို အခြေခံဇာတ်အိမ်တည်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားရည်ရွယ်ချက်အနေဖြင့် မြန်မာနိုင်ငံသားများအနေဖြင့် မည်သည့်နိုင်ငံတွင် ရှိနေပါစေ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဇာတိမြေကို ချစ်ရမည်ဟူသည့် အသိတရားများ နိုးကြားလာစေရန် ရည်ရွယ်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသွားသည်။

ဇာတိမြေဇာတ်လမ်းအကျဉ်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သော စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ရှမ်းလူမျိုး “စိုင်းမိုင်ဆွန်း”သည် အရေးအခင်းအပြီး အဖမ်းအဆီးများကို ရှောင်တိမ်းရင်း ချစ်သူမြန်မာ အမျိုးသမီး “မြနန္ဒာ”နှင့် အကျဉ်းချုံးလက်ထပ်ကာ ဂျပန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဂျပန်ရောက်ပြီး တနှစ်အကြာ ဇနီးကို ဂျပန်နိုင်ငံသို့ခေါ်ပြီး လင်မယားနှစ်ယောက်လုံး နိုင်ငံရေး ခိုလှုံခွင့်ယူခဲ့သည်။ သမီးတယောက်မွေးဖွားပြီး သမီးအမည် “မခင်မျိုးချစ်”ဟု အမည်ပေးပြီး မြန်မာအစားအစာနှင့် ရှမ်းအစားအစာရောင်းသော စားသောက်ဆိုင်လေးကို မိမိတိုင်းပြည်ကို ဘယ်တော့မှ မမေ့ဟူသော ရည်ရွယ်ချက်ဖြင့် ဆိုင်အမည်ကိုလည်း “ဇာတိမြေ”စားသောက်ဆိုင်ဟု အမည်ပေးပြီး တချိန်တွင် မြန်မာနိုင်ငံသို့ အပြီးပြန်ရန် ရည်ရွယ်ထားသည်။ သမီး ၁၈ နှစ်အရွယ် အထက်တန်းကျောင်းပြီးသောအခါမှ ဖခင်ဖြစ်သူမှာ နိုင်ငံရေးသမားတယောက်မှန်း သိသွားပြီး ဖခင်၏ ခံစားချက်ကို နားလည်ကာ မြန်မာပြည်သို့ အလည်ပြန်ကာ ဆွေမျိုးများနှင့် တွေ့ဆုံပြီး ဆွေမျိုးများ၏ သံယောဇဉ်ကို ခံစားတတ်ပြီ၊ သွေးစကားပြောသည့်အတိုင်း “ဇာတိမြေ”ကို ချစ်ရမည်ဆိုသည့် အသိတရားရပြီး နောက်ဆုံးမြန်မာနိုင်ငံသားအဖြစ် ခံယူရန် ဆုံးဖြတ်လိုက်သည့် ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်ခဲ့သည်။

MNTV ရုပ်သံလိုင်းနှင့် JIP (Japan International Broadcasting Inc.) တို့ ပူးပေါင်း၍ ရိုက်ကူးမည့် အဆိုပါဇာတ်ကားနှင့်ပတ်သက်၍ စာနယ်ဇင်းမိတ်ဆက်ပွဲကို သြဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက Novotel Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အမှာစကားပြောကြားသည်။

သတင်းနှင့်ဓာတ်ပုံ - ရွှေဖီး
News Watch
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.