ကျေးလက်ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပမည်



ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့က ပင်လုံကျောက်တိုင်ကွင်းမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပတဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။Photo: RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျေးလက်ငြိမ်းချမ်းရေးစကားဝိုင်းကို ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာမှာ ကျင်းပမယ်လို့ သိရပါတယ်။

အတိုင်ပင်ခံရုံးနဲ့ သမ္မတရုံးတို့က ညွှန်ကြားချက်တွေအတိုင်း စကားဝိုင်းကျင်းပဖို့အတွက် ပြင်ဆင်နေတယ်လို့ ဝမ်းတွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမင်းထက် က ပြောပါတယ်။

"လောလောဆယ်အနေအထားအရ သူက အင်္ဂါ၊ ဗုဒ္ဓဟူးပြောတာကိုး၊ ဒီနေ့ ဝန်ကြီးချုပ် လာမကြည့်နိုင်ဘူးလို့ တခါပြန်လာပြောလို့ သူလာ မကြည့်နိုင်ဘူးဆိုရင် မနက်ဖြန်ကတော့ မဖြစ်နိုင်ဘူးနဲ့ တူပါတယ်၊ တမြန်နေ့ ကတော့ လာကြည့်သွားတယ်၊ လောလောဆယ်မှာတော့ သူ့အတွက်ဟောပြောမယ့်စင်တွေ လုပ်နေတဲ့ အပိုင်းပါပဲ၊ အတိုင်ပင်ခံညွှန်ကြားရေးမှုးလား သမ္မတရုံးညွှန်ကြားရေးမှူးလား လာကြည့်ပြီးတော့ သူတို့ စီစဉ်ထားတဲ့အစီအစဉ်အတိုင်း ကျနော်တို့ ပြင်ဆင်ပေးနေတာဗျ"

ဝမ်းတွင်းမြို့ကနေ ၂ မိုင်အကွာလောက်မှာရှိတဲ့ မြေတိုင်ကန်ဆိုတဲ့ရွာမှာ ကျင်းပဖို့အတွက် မကြာသေးခင် ရက်ပိုင်းလောက်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံရုံးတာဝန်ရှိသူတွေ လာရောက်ပြီး စကားဝိုင်းကျင်းပဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီစကားဝိုင်းမှာ ဈေးသည်၊ ယက္ကန်းလုပ်ငန်းရှင်၊ ယာဉ်မောင်း၊ ကျောင်းဆရာ၊ အုပ်ချုပ်ရေးပိုင်းနဲ့ တက္ကသိုလ်ကျောင်းသူ စတဲ့အလွှာစုံက ပုဂ္ဂိုလ်တွေပါဝင်ဖို့အတွက် အဲဒီကျေးရွာမှာ နေထိုင်သူတွေထဲကနေ ရွေးချယ်ထားတယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ်ပြုလုပ်မယ့် ငြိမ်းချမ်းရေးစကားဝိုင်းဟာ လေးကြိမ်မြောက်ကျင်းပတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.