ဦးကိုနီအမှုမှာ မျက်မြင်သက်သေတွေကို စတင်စစ်ဆေး



ရှေ့နေဦးကိုနီ လုပ်ကြံခဲ့သူတွေကို အင်းစိန်မြို့နယ် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်။ Photo: Kaung Htet Kyaw
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော်ရှေ့နေဦးကိုနီ ကို လုပ်ကြံစဉ် အနီးကပ်မြင်တွေ့ခဲ့တဲ့ အငှားယာဉ်မောင်းတစ်ဦးကို ဒီကနေ့ အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ မျက်မြင်သက်သေ ၃ ယောက်ကို စစ်ဆေးပါတယ်။

အဲဒီကားသမား ၃ ဦးဟာ ဦးကိုနီ လုပ်ကြံခံရတာကို မြင်တွေ့ခဲ့သူတွေဖြစ်တယ်လို့ ဦးကိုနီအမှုရဲ့ တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး ကပြောပါတယ်။

ဒီကနေ့ တရားရုံးချိန်းဟာ ၁၈ ကြိမ်မြောက်ဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံတဲ့ ကြည်လင်း အပါအဝင် ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးတို့ကို ရုံးထုတ်ခဲ့ပေမယ့် သူတို့ကိုတော့ စစ်ဆေးတာ မရှိသေးပါဘူး။

ဒီအမှုမှာ သက်သေအယောက် ၈၀ ကျော်ကို စစ်ဆေးဖို့ရှိပြီး ဒီကနေ့အထိ ၁၆ ယောက်ကို စစ်ဆေးပြီးဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံခံရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.