အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ ၈၉ ဦးကို ခွင့်ပြု



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်တွေကို တွေ့ရစဉ်။ Photo: RFA
နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ ၈၉ ဦးကို အမြဲတမ်းနေထိုင်ခွင့်ကတ်ထုတ်ပေးဖို့ လက်ရှိ အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မိသားစုအပါအဝင် ၈၉ ဦးကို ခွင့်ပြုထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော် က ပြောပါတယ်။

"လက်ရှိခွင့်ပြုထားတာ ယခင်အစိုးရလက်ထက်မှာ ၂၆၂ ယောက်ခွင့်ပြုထားတယ်။ အခုအစိုးရလက်ထက် မှာတော့ မိသားစုအပါအဝင် ၈၉ ယောက် ခွင့်ပြုထားတယ်"

နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့်ကို မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားကျွမ်းကျင်ပညာရှင် ၊ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံသူ၊ ပြည်ပကိုအကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားရတဲ့ မြန်မာနိုင်ငံ သားဟောင်း၊ မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံသူနဲ့ အိမ်ထောင်ပြုထားတဲ့ ဆက်စပ်နိုင်ငံခြားသား စတဲ့ သူတွေ လျှောက်ထားနိုင်တာဖြစ်ပါတယ်။

လက်ရှိလျှောက်ထားကြသူတွေထဲမှာ အမေရိကန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဟောင်း၊ စင်္ကာပူနိုင်ငံမှာ နေထိုင် တဲ့ မြန်မာနိုင်ငံသားဟောင်းတွေက အများဆုံးလျှောက်ထားကြတယ်လို့ ပြောပါတယ်။

အမြဲတမ်းနေထိုင်ခွင့်ရသူတွေဟာ အရင်ဆုံး ၅ နှစ်နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး၊ ငါးနှစ်အတွင်း တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး အတည်ပြုရမှာဖြစ်ပါတယ်။ ၅ နှစ်ပြည့်ရင် ထပ်မံပြီး တစ်ကြိမ် ၅ နှစ်သက်တမ်းတိုး လျှောက် ထားနိုင်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.