မူကြို ဆရာမတစ်ဦး၏ ဆွဲကြိုးနှင့် ပိုက်ဆံအိတ်ကို ကယ်ရီသမားက လုယက်ထွက်ပြေး


နေပြည်တော်၊ ဩဂုတ် ၃၊

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ တိုက် ၁၃၀၄၊ အခန်း ၃၅ မှာ နေထိုင်သည့် လူမှုဝန်ထမ်းဦး စီးဌာန၊ ရင်သွေးရတနာ မူကြိုကျောင်း ဒုတိယ ကျောင်းအုပ် ဆရာမ ဒေါ်သဇင်ကျော် ဆိုင်ကယ် ကယ်ရီ ငှားစီး ရာမှ လုယက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သွားနေကျ ဆိုင်ကယ်ရီသမား မရှိတော့ လမ်းက တွေ့တဲ့ ဆိုင်ကယ်ကို ငှားစီးခဲ့မိတာ။ ဆီထည့်ဖို့ဆိုပြီး သီရိရတနာ အဆင့်မြင့်ဈေးဆိုင်းဘုတ်အလွန် ညာဘက်ကွေ့ဝင်သွားပြီး ခြုံပုတ်အရောက် ဆိုင်ကယ်ရပ်ပြီး လည်ပင်းဆွဲထားတဲ့ ဆွဲကြိုး၊ ပိုက်ဆံအိတ်တွေကို တောင်းယူပြီး လာလမ်းအတိုင်း ပြန်လှည့်သွားတယ်”ဟု ဒေါ်သဇင်ကျော်က စစ်ချက်မှာ ထွက်ဆိုထားကြောင်း သိရှိရသည်။

လုယက်မှုသည် သြဂုဏ်လ ၃ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွာခဲ့ခြင်းဖြစ်ပြီး နေပြည်တော် အမှတ် (၁) မြို့မရဲစခန်း မှ (ပ)၃၅၄/၂၀၁၇ ရာဇာသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်လက်ခံထားကြောင်း သိရှိရသည်။

တရားခံ ဖမ်းဆီးရမိရေးအတွက် ရဲအုပ်စိုးဝင်းမှ လက်ခံစစ်ဆေးပြီး နပရ/ခရရ (မှုကူအဖွဲ့)များနှင့် မြို့နယ်ရဲစခန်း/စခန်းမှူး/နယ်ထိန်းအဖွဲ့များမှ စုံစမ်းဆောက်ရွက်နေကြောင်း သိရှိရသည်။
လုယက်ထွက်ပြေးနေသူ ဆိုင်ကယ် ကယ်ရီသမားကို နေပြည်တော်၊ အမှတ် (၁) မြို့မရဲစခန်းက နေ (ပ)၃၅၄/၂၀၁၇ ရာဇာသတ်ကြီးပုဒ်မ ၃၈၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.