ကျောက်ကြီးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆိုင်ကယ်မှောက်သေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းအုပ်စု၊ ရန်မျိုးအောင်ကျေးရွာထိပ်မှာ သြဂုတ်(၁၉)ရက်နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးဆိုင်ကယ်မှောက်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

သေဆုံးတဲ့ရဲတပ်ဖွဲ့ဝင်ဟာ ကျောက်ကြီးမြို့မရဲစခန်းအပိုင်၊ သိမ်တန်းရပ်ကွက်၊ မာလာဦးရဲကင်းမှာ ရှာဖွေရေးတာဝန်ထမ်းဆောင်နေတဲ့ နယ်ထိန်းဒုတပ်ကြပ်ဇော်မင်းဦးဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။


 သေဆုံးသူဟာ လမ်းရဲ့ဝဲဘက်ကားလမ်းအစပ်မှာ အနက်ရောင်(Luojia) ဆိုင်ကယ်ပိကာ မျက်နှာနဲ့ ခြေထောက်နှစ်ဖက်လုံးပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး ဆိုင်ကယ်စီးဦးထုတ် မဆောင်းထားဘူးလို့သိရပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နတ်သံကွင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၄-က)နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ကိုဇင်(ကျောက်ကြီး) ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.