တေးသံရှင် ခိုင်ထူး ရောဂါ စိုးရိမ်ရဆဲဖြစ်


ဂီတလောကတွင် ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ ခတ္တာ စသည့် သီချင်းများဖြင့် အောင်မြင်မှုရရှိခဲ့သည့် တေးသံရှင် ခိုင်ထူးကို အစာအိမ် သွေးယိုဝေဒနာဖြင့် ကုသနေရာ ဩဂုတ်လ ၈ ရက်နေ့ ည ၇ နာရီခွဲ အချိန်အထိ စောင့်ကြည့်ရဆဲဖြစ်ကြောင်း အင်ပါယာတီးဝိုင်းမှ ဘေ့စ်ဂီတသမား ကိုမြတ်မိုးထံမှ သိရသည်။

တေးသံရှင် ခိုင်ထူးသည် အစာအိမ် သွေးယို ဝေဒနာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူခဲ့ရသည်။

ရောဂါမသက်သာသည့်အတွက် ၎င်းနှင့် ရင်းနှီးသည့် ဂီတလောကမှ မိတ်ဆွေများက ဩဂုတ်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ Samithe Jay ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနိုင်ရန် စီစဉ်ပေးခဲ့သည်။

ယင်းဆေးရုံတွင် တေးသံရှင် ခိုင်ထူးကို ဆေးဝါးကုသမှု ခံယူခဲ့ရာတွင် Pancreas Cancer ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း ရောဂါအခြေအနေမှာ လက်လျှော့ရမည့် အနေအထားမျိုး ဖြစ်နေသောကြောင့် ဩဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး ပါရမီဆေးရုံသို ပို့ဆောင် ကုသပေးခဲ့သည်။

တေးသံရှင်ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ်၊ စစ်နဲ့ငြိမ်းချမ်းရေး၊ ခတ္တာ၊ သိလား၊ စစ်ကိုင်းလမ်း၊ လွမ်းရေး ခက်ခက်၊ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်၊ ဆို၊ နေရာဟောင်းမှာ၊ အိမ် အလွမ်း၊ စသည့် သီချင်းများမှာ ဂီတချစ် ပရိသတ်များကြားတွင် အောင်မြင်မှု များစွာ ရရှိခဲ့သည်။

===========

The Voice

http://thevoicemyanmar.com/news/10849-skh
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.