ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


မုန်တိုင်းကြောင့် မြို့နေ လူ သောင်းချီဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရ
ဟာရီကိန်း မုန်တိုင်း ဟာဗေးရဲ့ နောက်ဆက်တွဲ အဖြစ် ရေကြီးရေလျှံဒဏ်ခံနေရတဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ် မြို့တော် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စတုတ္ထမြောက် လူဦးရေ အများဆုံးမြို့ ဖြစ်တဲ့ ဟျူစတန်မှာ မုန်တိုင်းကြောင့် စံချိန်တင်မိုးရွာနေပြီး မြို့တော်ရဲ့ နေရာ အတော်များများမှာ ရေဖုံးလွှမ်းနေကာ နေအိမ်တွေ ပျက်စီးပြီး လူ အယောက် ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

ရေကြီးတာတွေ ဖြစ်နေတုန်း လုယက်ခိုးယူတာတွေ မဖြစ်အောင် ညသန်းခေါင်ချိန်ကနေ မနက် ၅ နာရီ အထိ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ရတာ ဖြစ်တယ်လို့ မြို့တော်ဝန် ဆစ်ဗဲလ်စတာတားနာက ပြောပါတယ်။

လူတွေ စွန့်ခွာခဲ့တဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ ရာဇဝတ်မှုတွေ မဖြစ်အောင် ကာကွယ်တဲ့ သဘောဖြစ်ပြီး ဒီအမိန့်မှာ ကယ်ဆယ်ရေး လုပ်သားတွေ၊ အရေးပေါ်ကူညီရေး ဝန်ထမ်းတွေနဲ့ အလုပ်သွား အလုပ်ပြန်သူတွေတော့ ကင်းလွတ်ခွင့် ရပါတယ်။

အဓိက လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ရေအောင်မြုပ်နေ
ရေကြီးမှုအတွင်းမှာ လုယက်မှု၊ လက်နက်ကိုင် ဓားပြတိုက်မှု၊ ရဲအယောင်ဆောင်မှုတွေ ဖြစ်ပွားနေပါတယ်။ နှစ်ငါးဆယ်ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်တဲ့ ဒီ မုန်တိုင်းဒဏ်ကြောင့် လူသန်းဝက် ဟာ အကူအညီတွေ လိုအပ်နေပြီး လူ ၃၀,ဝ၀ဝ ကျော်ဟာ အရေးပေါ် ခိုလှုံဖို့ နေရာတွေ လိုအပ်နေတယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

သမ္မတ ထရမ့်နဲ့ သမ္မတကတော် မလာနီယာ တို့လည်း မုန်တိုင်းသင့်ဒေသကို လာရောက်ခဲ့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အရင်ကထက် ပိုကောင်းအောင် ဆောင်ရွက်ပြမယ်လို့ သူ့ရဲ့ အင်္ဂါနေ့က တက္ကဆက် ခရီးစဉ်မှာ ဆိုခဲ့ပါတယ်။
မုန်တိုင်းကြောင့် လူဝီစီးယားနားမှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်လာနိုင်
ဟာဗေး ဟာရီကိန်း ဟာ အခုအချိန်မှာတော့ အပူပိုင်းမုန်တိုင်းအဆင့်ကို လျော့ကျသွားကာ မက္ကစီကို ပင်လယ်ကွေ့ ကမ်းလွန်ကို ဖြတ်ပြီးနောက်မှာ လူဝီစီးယားနားပြည်နယ်ထဲကို တဖန်ပြန်ဝင်ရောက်ခဲ့ပါတယ်။

၂၀ဝ၅ ခုနှစ်တုန်းက ဟာရီကိန်း ကက်ထရီနာ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ မြေနိမ့်ပိုင်းမှာ ရှိတဲ့ လူဝီစီးယားနား မြို့တော် နယူးအော်လင်း ဟာ လာမယ့် ၃၆ နာရီ အတွင်း မိုးရေချိန် လက်မ ၁၀ (၂၅ စင်တီမီတာ) ရွာသွန်းဖွယ်ရှိပြီး ရေကြီးမှု အန္တရာယ် ရင်ဆိုင်ရနိုင်ပါတယ်။

တက္ကဆက်နဲ့ လူဝီစီးယားနား ပြည်နယ် နှစ်ခုလုံးမှာ သမ္မတ ထရမ့်က အရေးပေါ်အခြေအနေကြေညာထားပြီး အစိုးရရဲ့ အရေးပေါ် ရန်ပုံငွေနဲ့ အကူအညီတွေ ပံ့ပိုးနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8450,interview,223,knowledge,9,Live,8,LocalNews,17349,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်
ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်
https://3.bp.blogspot.com/-NY2cZLeeT_w/Waa7uJJ6fYI/AAAAAAABUzk/Ms9Fng9Hj1466MzYnNhKzbTTaC8LnhhZgCLcBGAs/s400/3.jpg
https://3.bp.blogspot.com/-NY2cZLeeT_w/Waa7uJJ6fYI/AAAAAAABUzk/Ms9Fng9Hj1466MzYnNhKzbTTaC8LnhhZgCLcBGAs/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2017/08/blog-post_269.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/08/blog-post_269.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy