မြန်မာနိုင်ငံသူအား မုဒိန်းကျင့် သတ်ဖြတ်သွားသည့် တရားခံနှစ်ဦးကို ဖမ်းမိခဲ့ပြီးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်


၂၉-၈-၂၀၁၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဖတ်ခနုံမြို့ နယ် ကထုံ့ စဲယာဘုန်ကြီးကျောင်း အနီးက ရေမြောင်းတွင်းတခုထဲမှာ ဓားဒဏ်ရာတွေနဲ့  သေဆုံးနေသူ မော်လီထွန်း ၂၅နှစ် ကို သတ်ဖြတ်သွားကြတဲ့ တရားခံနှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီဖြစ်ကြောင်း ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲအရာရှိကြီး Nantachat Supamongkol နမ်တချက် စူပါမွန်ကို က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ရဲမှူးကြီးကိုယ်တိုင် ဦးဆောင်ကာ တရားခံနှစ်ဦးကို အခင်းဖြစ်တဲ့နေရာခေါ်ဆောင်သွားပြီး လူသတ်မှုကျူးလွန်ကြပုံ အသေးစိတ် ၀င်ခံသွားကြပါတယ်။


မြန်မာနိုင်ငံသား တရားခံနှစ်ဦး ဖြစ်တဲ့ အောင်တင်ဝင်း ၂၁ နှစ် ဆွေကြည် ၃၁ နှစ် တို့ ဟာ သေဆုံးသူ မော်လီထွန်းနဲ့ အတူ ဘန်ကောက်မြို့  အွန်နွတ် ၈၆လမ်း မှာ သြဂုတ်လ ၁၆ ရက်နေ့ က စားသောက်ဆိုင်မှာအတူရှိ နေခဲ့ကြပါတယ်။


နောက်ပိုင်း တရားခံတွေဟာ မော်လီကို လူပြတ်တဲ့နေရာမှာ ရာဘား မူးယစ်ဆေး သုံးကြမယ်ဆိုပြီး ခေါ်လာခဲ့ကြတယ်၊ တရားခံနှစ်ဦးဟာ မော်လီကို လိင်ဆက်ဆံဘို့ ကြိုးစားတာကို မိန်းခလေးက အလိုမတူလက်မခံခဲ့ဘူး၊ တရားခံတွေဟာ မော်လီကို ရိုက်နှက် မုဒိန်းကျင့်ခဲ့ပြီး ပါလာတဲ့ဓါးနဲ မော်လီရဲ့ ရင်အုံနဲ့ လည်ပင်းကို အချက်ပေါင်းများစွာထိုးခဲ့ပါတယ်၊ ပြီးမှအလောင်းကို ရေမြောင်းတွင်း တခုမှာပြစ်ချထားခဲ့ပြီး တရားခံနှစ်ဦးဟာ လမ်းခွဲ ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဘန်ကောက်က အမှုလိုက်ရဲတွေဟာ အဓိက တရားခံ အောင်တင်ဝင်းကို မဲဆောက်မြို့ မှာ ဖမ်းဆီးနိုင်ခဲ့ပြီး ဒုတိယတရားခံ ဆွေကြည်ကိုတော့ ဘန်ကောက်မြို့ နယ်တခုအတွင်းမှာလိုက်လံ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Social Action for Children and Women - SAW
Credit Manager online
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.