၁၇ နှစ် အရွယ် လူငယ်တစ်ဦး လေယာဉ်ပေါ်မှခုန်ချ


သြဂုတ် ၂ ။

သြဂုတ်လ ၁ ရက်နေ့က ပနားမားနိုင်ငံ(Panama) မြို့တော် ပနားမား ကနေ၊ အမေရိကန်နိုင်ငံ ၊ San Francisco,လေဆိပ်ကိုဆင်းသက်လာခဲ့တဲ့ Copa Airlines Flight 208 လေယာဉ်ပေါ်ကနေအသက်၁၇ နှစ်အရွယ်လူငယ်တစ်ဦးခုန်ချခဲ့တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။

လေယာဉ်ဟာ San Francisco လေဆိပ်ကိုဆင်းသက်ပြီးနောက်၊ ရပ်နားရမယ့်ဂိတ်ရှိရာကိုသွားနေတုန်း အမေရိကန်နိုင်ငံသား ဒီလူငယ်က လေယာဉ်ရဲ့ အရေးပေါ်တံခါးကိုဆွဲဖွင့်ပြီး၊ လေယာဉ်တောင်ပံကနေတစ်ဆင့် လေယာဉ်ပြေးလမ်းပေါ်ကို ခုန်ချခဲ့တာပါ။

သူ့ကို အနီးနားမှာရှိတဲ့ လမ်းလုပ်သားတွေက ထိန်းသိမ်းပေးပြီးနောက် ရဲတွေကလာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလူငယ်ဟာ ပနားမားကနေ၊ San Francisco ကိုတစ်ဦးထဲခရီးထွက်လာခဲ့တဲ့သူပါ။

ပနားမားကနေ San Franciscoကို ၇ နာရီကြာအောင်လေယာဉ်စီးနင်းခဲ့ပြီးနောက် ဒီလူငယ်ဟာ စိတ်ပူပန်မှုတွေနဲ့အတူဂနာမငြိမ်ဖြစ်နေတဲ့ပုံစံဖြစ်နေတာကိုတွေ့ရတယ်လို့ သူနဲ့အတူလေယာဉ်စီးနင်းလာတဲ့ခရီးသည်တွေကပြောကြောင်း independent.co.uk သတင်းမှာဖော်ပြပါတယ်။

“သူ့ရဲ့လှုပ်ရှားမှုကမြန်ဆန်လွန်းတာကြောင့် သူ့ကိုမတားဆီးနိုင်ခဲ့ဘူး”လို့ ခရီးသည်တွေကပြောကြောင်းလည်း BBC သတင်းမှာဖော်ပြပါတယ်။

ဒီလူငယ်ဒဏ်ရာ ရရှိခြင်း၊ ရှိ - မရှိဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း washingtonpost.သတင်းမှာဖော်ပြပါတယ်။

ပနားမားအခြေစိုက် Copa Airlines လေကြောင်းလိုင်းကတော့ အခုအဖြစ်အပျက်အတွက်တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး စုံးစမ်းမှုတွေပြုလုပ်သွားမယ်လို့ဆိုပါတယ်။

လူငယ်တစ်ဦးလေယာဉ်ပေါ်ကခုန်ချခဲ့တာကြောင့်လေယာဉ်ခရီးစဉ်တွေအပေါ် အနှောက်အယှက်မဖြစ်ခဲ့သလို၊ လေယာဉ်ပေါ်လိုက်ပါလာတဲ့ အခြားခရီးသည်တစ်ဦးတစ်ယောက်မျှလည်းထိခိုက်၊ ဒဏ်ရာရတာမရှိခဲ့ပါဘူး။ လေယာဉ်ဟာလည်းသတ်မှတ်နေရာမှာ အဆင်ပြေစွာရပ်နားနိုင်ခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

AHN
PHOTO =BBC
The Asia Heart News (fb)
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.