မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်ဖို့ နည်းလမ်းတွေရှာဖွေနေတဲ့ ဂျပန်

ဇူလိုင် ၃၁ – ဇူလိုင် ၄ ရက်ပစ်လွှတ်မှုအပြီး မြောက်ကိုရီးယားဟာ ဒုတိယမြောက် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့တာကြောင့် ဂျပန်အစိုးရဟာ မြောက်ကိုရီးယားအပေါ်မှာ ဖိအားပေးမှုတွေတိုးမြှင့်သွားနိုင်ဖို့အတွက် အမေရိကန်နဲ့တောင်ကိုရီးယားနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိနေပါတယ်။ တိုကျိုအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေးတောင်းဆိုဖို့ သြဂုတ်လအစောပိုင်းမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲနဲ့ အစည်းအဝေးပွဲတွေအပါအဝင် ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းတွေ အားလုံးကို အသုံးပြုသွားဖို့ဆန္ဒရှိနေပါတယ်။ ရုရှားနဲ့တရုတ်တို့က မြောက်ကိုရီးယားအပေါ်မှာ နောက်ထပ်အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ဝန်လေးတုံ့ဆိုင်း နေတာကြောင့် တိုကျိုအနေနဲ့ သူ့ရဲ့သဘောထားကိုအကောင်အထည်ဖော်ဖို့အကျပ်ရိုက်နေပါတယ်။

“ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားအစိုးရတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်၊” လို့ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့ပြီး နာရီပိုင်းအနည်းငယ်အကြာ စနေနေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရိုကီရှီဒါက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ “တစ်ချိန်တည်းမှာပဲ တရုတ်နဲ့ရုရှားအစိုးရတို့ကို မြောက်ကိုရီးယားအစိုးရကို ဖိအားပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍ ကနေ ပါဝင်ဆောင်ရွက်ပေးဖို့အတွက် တိုက်တွန်းသွားနိုင်ဖို့ ကြိုးစားလုပ်သွားမှာဖြစ်တယ်” လို့လည်းသူကဆိုပါတယ်။ ကီရှီဒါဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်းကျွန်ဝှာ တို့နဲ့ စနေနေ့မနက်ပိုင်းက ဖုန်းပြောခဲ့ပြီး သူတို့ ၃ ဦးအနေနဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်ရေးမှာ အတူပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူညီခဲ့ကြပါတယ်။ အစောပိုင်းကလည်း ဂျပန်နိုငံခြားရေးဝန်ကြီးဌာနက အာရှနဲ့သမုဒ္ဒရာရေးရာ ဗျူရိုရဲ့ ညွှန်ကြားရေးမှူးချုပ် ကန်ဂျိကနာဆူဂီ ဟာ အမေရိကန်ရဲ့မြောက်ကိုရီးယားအရေးဆိုင်ရာ မူဝါဒချမှတ်ရေးအမေရိကန်အထူးကိုယ်စားလှယ် ဂျိုးဆက်ယွန်းနဲ့ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနဲ့လုံခြုံရေးရေးရာ တောင်ကိုရီးယားအထားကိုယ်စားလှယ် ကင် ဟွန်ကွန်း တို့နဲ့သီးခြားစီဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားအရေးဖြေရှင်းရေးမှာ အတူလက်တွဲဆောင်ရွက်သွားဖို့ သဘောတူခဲ့ပါတယ်။

အာဆီယံဒေသတွင်းဖိုရမ်မှာအာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံတွေက ကိုယ်စားလှယ်တွေတက်ရောက်ကြမှာဖြစ်ပါတယ်။ ဂျပန်နဲ့အမေရိကန်ပြည်ထောင်စုတို့ကလည်း တရုတ်ထံကနေ ပူးပေါင်းဆောင်ရွက်ကူညီမှုရရှိဖို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ တရုတ်အစိုးရက မြောက်ကိုရီးယားအပေါ်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းအရှိဆုံးလည်းဖြစ်ပါတယ်။ တရုတ်အစိုးရက မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူပိတ်ဆိုပမှုတွေချမှတ်မယ့်ကိစ္စကို လက်သင့်မခံဘဲ ဖြစ်နေပါတယ်။ တိုကျိုအစိုးရနဲ့ဝါရှင်တန်အစိုးရတို့က မြောက်ကိုရီးယားနဲ့နီးစပ်တဲ့ တရုတ်ကုမ္ပဏီတွေရဲ့ပိုင်ဆိုင်မှုကို ပိတ်သိမ်းတာတွေလိုမျိုး မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေတိုးမြှင့်ချမှတ်နိုင်ဖို့ အတူ လုပ်ဆောင်နေကြပါတယ်။ သည်နည်းလမ်းနဲ့ ဘေဂျင်းအစိုးရကို မြောက်ကိုရီးယားအပေါ် ဖိအားပေးရေးမှာ အခန်းကဏ္ဍတစ်ရပ်ကနေပါဝင်ဖို့တွန်းအားပေးသွားမှာလည်းဖြစ်ပါတယ်။ အခုချိန်ထိတော့ သည်လုပ်ဆောင်မှုက ထိရောက်မှုသိပ်မရှိသေးပါဘူး။

“တရုတ်အစိုးရက လေးကန်ကန်လုပ်နေဆဲဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ဒုံကျည်တီထွင်မှုက အရှိန်နှုန်းမှန်မှန်နဲ့ တိုးတက်မှုရလာနေတယ်” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတာဝန်ရှိသူတစ်ဦးကပြောခဲ့ပါတယ်။ စနေနေ့မနက်အစောပိုင်းက ဝန်ကြီးချုပ်ရုံးခန်းမှာ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ ဝန်ကြီးအဖွဲ့ဝန်ကြီးချုပ် ယိုရှီဟိုက်ဆူဂါ တို့ အစည်းအဝေးထိုင်ပြီးတဲ့နောက်မှာ ကီရှီဒါကို တိုကျိုက ရှင်ဂျူကူအပိုင်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ပြောင်းလဲတာဝန်ထမ်းဆောင်ပြီး မြောက်ကိုရီးယားက ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ ဒုံးကျည်အကြောင်းအချက်အလက်တွေ ကို စုဆောင်းလေ့လာဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။



မအေးသီမွန်

[Ref: The Japan News; 31 July 2017]
Kumudra
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.