နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မြေတိုင်ကန်ကျေးရွာ ဖွံ့ဖြိုးရေးအခြေအနေများ ကြည့်ရှုစစ်ဆေး ကျေးရွာဖွံ့ဖြိုးရေးကိစ္စရပ်များ ရပ်မိရပ်ဖများနှင့်ဆွေးနွေး








နေပြည်တော် သြဂုတ် ၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်တို့နှင့် ယနေ့နံနက် ပိုင်းတွင် ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ ဖွံ့ဖြိုးရေးအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မြေတိုင်ကန်ကျေးရွာ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေး ရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ထရန်စဖော်မာ အား ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာချုပ် ဦးစိုးမင်းထွန်းက လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေမှု၊ လျှပ်စစ်မီးအသုံးပြုမှုနှင့် လျှပ်စစ်ဓာတ်အားဖြင့် ဆောင်ရွက်နေသည့် အသေး စားစက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

မြေတိုင်ကန်ကျေးရွာတွင် အိမ်ထောင်စုပေါင်း ၂၈၁ စု၊ လူဦးရေ ၁၂၄၂ ဦးနေထိုင်ကြပြီး အများစုမှာ ယက္ကန်းလုပ်ငန်းနှင့် တောင်သူလုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ ၀ါနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သည်။ ၂၀၁၇ ခုနှစ် မတ် ၃၀ ရက်တွင် မြေ တိုင်ကန်ကျေးရွာအတွက် လျှပ်စစ်ဓာတ်အားကို စတင်သွယ်တန်းပေးခဲ့သည်။ လျှစ်စစ် ဓာတ်အားမရရှိမီကာလတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဖြစ်သည့် ယက္ကန်းစက် လုပ်ငန်းတစ်ခုအတွက် တစ်လလျှင် ဒီဇယ်အင်ဂျင်ဖြင့် မောင်းနှင်သည့် ကုန်ကျစရိတ်မှာ ငွေကျပ် ၁ သိန်းခွဲခန့်ရှိခဲ့ပြီး လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားဖြင့် အသုံးပြုနိုင်သည့် အတွက် ကုန်ကျစရိတ်မှာ ငွေကျပ် ၅ သောင်းအောက်သာရှိသည့်အတွက် ၀င်ငွေ တိုးတက်ရရှိလာကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြေတိုင်ကန်ကျေးရွာရပ်မိရပ်ဖ များ၏ ကျေးလက်စကားဝိုင်းသို့ ရောက်ရှိသည်။

ယင်းနောက် အသက် ၇၀ ကျော် အဖိုးအဘွားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ကျေးရွာ၏ဖွံ့ဖြိုးရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ကိစ္စရပ်များကို မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျေးရွာအတွင်း လျှပ်စစ်မီးဖြင့် ဆောင်ရွက်နေသည့် အသေးစားစက်မှုလုပ်ငန်း ယက္ကန်းရုံများကို လှည့်လည်ကြည့်ရှု လေ့လာသည်။

မြေတိုင်ကန်ကျေးရွာအနေဖြင့် ယခု ၂၀၁၇ နှစ် မတ်လကုန်မှ လျှပ်စစ်ဓာတ်အား စတင်ရရှိခဲ့ကြောင်း၊ စက်ယက္ကန်းရုံ ၁၀ ရုံတွင် ရှိသော ယက္ကန်းစင်ပေါင်း ၅၉ စင်၊ ချည်ချစင် ၃ စင်၊ တွင်ခုံ ၁ ခုကို လျှပ်စစ်ဓာတ်အားအသုံးပြု၍ လုပ်ငန်းဆောင်ရွက်နိုင် ပြီဖြစ်ကြောင်း၊ အဝီစိတွင်းပေါင်း ၇၀ ကိုလည်း လျှပ်စစ်ဓာတ်အားအသုံးပြု၍ သောက် သုံးရေ ရယူနိုင်ပြီဖြစ်ကြောင်း၊ ထို့ပြင် မြေတိုင်ကန်ကျေးရွာရှိ ဆန်စက် ၄ လုံးနှင့် ဆီစက် ၁ လုံးသည်လည်း လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်နိုင်ရေး ပြင်ဆင်လျက်ရှိ ကြောင်းသိရှိသည်။

၎င်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြေတိုင်ကန်ကျေးရွာမှ ရွာသူ ရွာသားများနှင့်အတူ ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK အစီအစဉ် ကျင်းပ ပြုလုပ်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြေတိုင်ကန်ကျေးရွာရှိ သီဟာရာမဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော် ဦးကောသလ္လနှင့် ဦးသံဝရသာမိတို့ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇ သန်းရှိကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း လျှပ်စစ်ဓာတ်အားရရှိပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် အိမ်ထောင်စုပေါင်း ၄ ဒသမ ၁၉ သန်းထိ လျှပ်စစ်ဓာတ်အား ရရှိခဲ့ကြောင်း၊ တစ်နှစ်ခွဲအတွင်း အိမ်ထောင်စုပေါင်း (၅) သိန်းခန့်၊ လူဦးရေအားဖြင့် ၂ ဒသမ ၅ သန်းခန့် လျှပ်စစ်ဓာတ်အား တိုးချဲ့ပေးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၈၅၉ ရွာရှိသည့်အနက် ၂၀၁၇ မေလကုန်အထိ ကျေးရွာပေါင်း ၃၁၈၀၄ ရွာကို လျှပ်စစ်မီးပေးနိုင်ခဲ့ကြောင်း။

ကျေးရွာများမီးလင်းရေးကို နိုင်ငံ့ဘဏ္ဍာငွေ၊ နိုင်ငံတကာအကူအညီ၊ ချေးငွေများ နှင့်ကျေးရွာသူ၊ ရွာသားများ၏ စုပေါင်းထည့်ဝင်ငွေများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်ကို ရေးဆွဲထားပြီး (၅) နှစ်အတွင်း အိမ်ထောင်စုပေါင်း ၁ ဒသမ ၅ သန်းခန့်ကို ဓာတ်အားစနစ်မှ တိုးချဲ့ပေးနိုင်ရန်နှင့် သုည ဒသမ ၁၂ သန်းကို ဓာတ်အားစနစ်ပြင်ပ အခြားနည်းလမ်းများဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရန် လျာထားကြောင်း။

ထို့ပြင် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် လျှပ်စစ်ဓာတ် အား သုံးစွဲနိုင်ရေး တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပထမအဆင့်အဖြစ် ဓာတ် အားလိုင်း ရောက်ရှိပြီးသော နေရာမှ ၂ မိုင်အကွာတွင် ရှိသော ကျေးရွာ ၅၀၈၀ ရွာ၊ အိမ်ထောင်စုပေါင်း ၆ ဒသမ ၃ သိန်းခန့်ကို လျှပ်စစ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အဖြစ် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြီး အိမ်ထောင်စုပေါင်း ၇ ဒသမ ၅ သိန်းခန့်ကို လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် လျာထားကြောင်း။

ဂျာမနီနိုင်ငံ၏ ချေးငွေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ လွိုင်လင်နှင့် လင်းခေးခရိုင်များရှိ ကျေးရွာ ၄၁၆ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၁၄၈၄ ရွာကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
.
Myanmar State Counsellor Office

COMMENTS

Name

art,1,article,1301,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7345,interview,219,knowledge,8,Live,8,LocalNews,15686,news,2842,opinion,764,photos,203,poem,116,satires,39,song,12,speech,12,sports,139,statement,59,technic,55,translate,34,video,1068,voice,76,
ltr
item
dawnmanhon: နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မြေတိုင်ကန်ကျေးရွာ ဖွံ့ဖြိုးရေးအခြေအနေများ ကြည့်ရှုစစ်ဆေး ကျေးရွာဖွံ့ဖြိုးရေးကိစ္စရပ်များ ရပ်မိရပ်ဖများနှင့်ဆွေးနွေး
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မြေတိုင်ကန်ကျေးရွာ ဖွံ့ဖြိုးရေးအခြေအနေများ ကြည့်ရှုစစ်ဆေး ကျေးရွာဖွံ့ဖြိုးရေးကိစ္စရပ်များ ရပ်မိရပ်ဖများနှင့်ဆွေးနွေး
https://4.bp.blogspot.com/-NT7V4-QVvMs/WYiOU0OVthI/AAAAAAAAdF8/X-Oe7n8kcGImuVbKeocgkQWu-uV9iJJlACLcBGAs/s400/q1.jpg
https://4.bp.blogspot.com/-NT7V4-QVvMs/WYiOU0OVthI/AAAAAAAAdF8/X-Oe7n8kcGImuVbKeocgkQWu-uV9iJJlACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/08/blog-post_323.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/08/blog-post_323.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy