အကြမ်းဖက်သမားများ သတ်ဖြတ်၍ ကိုင်းကြီးမြိုရွာမှ အရပ်သား ၈ ဦးသေဆုံး



(လုံခြုံရေး တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်)
နိရဉ္စရာ၊ သြဂုတ် ၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး မြိုရွာမှ ယာတောင်ကို သွားသူ မြိုမိသားစု ၈ ဦးအား မူဆလင် အကြမ်းဖက်သမားများမှ ယနေ့နံနက်က သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု သတင်းရရှိသည်။

ကိုင်းကြီးမြိုကျေးရွာမှ အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးစိန်လှမောင်က သေဆုံးသူ ၈ ဦးဖြစ်ပြီး ထိုအထဲတွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးပါဝင်သည်ဟု ပြောသည်။

“ သူတို့က မနက်အစောကြီးက ယာတောင်ကို သွားပါတယ်။ ယာတောင်က ယာဘောက်(ခင်း) မှာ တစ်ချို့ ယာတဲဆောက်ဖို့သွားတယ်။ တစ်ချို့က အပင်စိုက်ဖို့သွားတယ်။ အဲဒါကို ကုလားဆိုး အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာ ပါဆရာ” ဟု ဦးစိန်လှမောင်က ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသူများမှာ မဒေါ်ဒွင်းရီ( ၂၇) နှစ်၊ ဒေါ်စိန်ရောင် (၃၀) ကျော်၊ မဒုံးမွေ (၂၀) နှစ်၊ မဒေါ်စံကော (၃၀) နှစ်၊ မထောကော (၂၀)၊ ကိုမိုင်း (၂၀)၊ လင်းကြက် (၂၀) နှစ်နှင့် ကုန်ဝိုင် (၂၅) တို့ ဖြစ်ကြပါသည်။ သူတို့အား ယနေ့ နံနက် ၈ နာရီကျော်က ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်.

သေဆုံးသူများကို စစ်တပ်၊ ကိုင်းကြီးရွာမှ အရပ်သားများမှ အလောင်းများကို သွားရောက်ယူဆောင်နေကြောင်း ပြောကြားသည်။

ကိုင်းကြီး မြိုကျေးရွာတွင် အိမ်ခြေစုပေါင်း ၄၈ ဆောင်သာရှိကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.