မရမ်းကုန်း ငွေလဲကောင်တာ ပစ်ခတ်မှု နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ စစ်ဆေးချက်


ဒီကနေ့ မနက် ( ၈း၃၀) အချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ မရမ်းကုန်းမြို့နယ် အမှတ် (၅)ရပ်ကွက် ပြည်လမ်းနဲ့ ယိုးဒယားလမ်းထောင့် အမှတ် (၁၉) ရှိ Farmer Money Changer ကို ၀င်ရောက်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ် ။ အခင်းဖြစ်ချိန်မှာ ဆိုင်လင်ဆာတပ်ထားတဲ့ အသံတိတ်သေနတ်ကို အသုံးပြုခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ မှတ်တမ်းတွေက ဆိုပါတယ် ။

အနက်ရောင် ဘောင်ဘီးရှည်၊ အကျီလက်တို၊ ရှာထိုးဦးထုတ်၊ နှာခေါင်းစည်းအစိမ်းရောင် တပ်ဆင်ထားတဲ့ အသက် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး ဆိုင်ထဲရောက်လာပြီး အတူပါ အမျိုးသားကျန် တစ်ဦးက ဆိုင်ရှေ့မှာ ဆိုင်ကယ်အနက်ရောင် နဲ့ ရပ်စောင့်နေခဲ့ပါတယ်။


ဆိုင်အတွင်း ၀င်ရောက်လာတဲ့ အမျိုးသားက တာဝန်ကျ ၀န်ထမ်းအမျိုးသမီးလေးဦးကို ဒေါ်လာ (၃၀) ၀ယ်ယူလိုကြောင်း ပြောတာကြောင့် ၀န်ထမ်းတွေက ကျသင့်ငွေ (၄၀၈၀၀) ကို တောင်းခံစဉ် (၄၁၀၀၀) ကျပ်ထုတ်ပေးခဲ့ပြီး ပိုငွေနှစ်ရာ ပြန်ပေးဖို့ လုပ်ဆောင်နေစဉ်မှာ အမည်မသိ အမျိုးသားက ဆိုင်တံခါး ဖွင့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ဝန်ထမ်းတွေက ဖွင့်မပေးတာကြောင့် ထိုသူက လွယ်ထားတဲ့အိပ်ထဲက ဆိုင်လင်ဆာ တပ်ထားတဲ့ အနက်ရောင် သေနတ်ကိုထုတ်ပြီး ကောင်တာပေါ်က ကျောက်စိမ်းဘုရားကို တစ်ချက်ပစ်ခတ်ခဲ့ပါတယ် ။

အဲ့ဒီနောက် သေနတ်သမားဟာ (၈း၄၇)မိနစ် အချိန်မှာ ဆိုင်ထဲက ထွက်သွားပြီး အပြင်မှာ အသင့်စောင့်နေတဲ့ ဆိုင်ကယ်ပေါ်တက်ကာ ပြည်လမ်းအတိုင်း လေဆိပ်ဘက်ကို မောင်းနှင်ထွက်ပြေး သွားတယ်လို့ ရဲတပ်ဖွဲ့ ရဲ့ စစ်ဆေးမှတ်တမ်း တင်ထားပါတယ်။

5 PLUS NEWS Team
https://www.facebook.com/5plusnews/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.