အမေရိကန်သမ္မတထရမ့်၏ အုပ်ချုပ်ရေးစွမ်းရည်ကို လွှတ်တော်အမတ် မေးခွန်းထုတ်


အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့ အုပ်ချုပ်ရေးစွမ်းရည်တွေကို အထက်ထက်လွှတ်တော် နိုင်ငံခြားရေးဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဘော့ကော်ကာ က မေးခွန်းထုတ်လိုက်ပါတယ်။

သမ္မတထရမ့်ဟာ တိုင်းပြည်တည်ငြိမ်မှုရှိအောင်လုပ်နိုင်တယ်ဆိုတာ အခုချိန်ထိ မပြသနိုင်သေးဘူးလို့ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ်လည်းဖြစ်၊ အထက်ထက်လွှတ်တော် နိုင်ငံခြားရေးဆက်ဆံရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဘော့ကော်ကာက ပြောကြားလိုက်တာပါ။

“သမ္မတထရမ့်အနေနဲ့ အခုချိန်ထိ တိုင်းပြည်တည်ငြိမ်မှုရှိအောင်လုပ်နိုင်တယ်ဆိုတာ ပြသနိုင်ခြင်းမရှိသေးသလို၊ တိုင်းပြည်အောင်မြင်အောင် လုပ်ပြရမယ့် အရေးအသွေးတွေလည်း မပြနိုင်သေးပါဘူး။ သူအောင်မြင်ဖို့လိုအပ်ပါတယ်။ ကျနော်တို့တိုင်းပြည်က သူအောင်မြင်ဖို့ လိုအပ်ပါတယ်။ ရီပတ်ဘလီကန်ဖြစ်ဖြစ်၊ ဒီမိုကရက်တစ်ဖြစ်ဖြစ် အမေရိကန်သမ္မတတစ်ယောက်ဟာ အောင်မြင်ဖို့လိုပါတယ်။ ကမ္ဘာကြီးကလည်း အမေရိကန်သမ္မတတစ်ယောက်အောင်မြင်ဖို့ လိုအပ်ပါတယ်။”

“သူဟာ ဒီနိုင်ငံရဲ့ စရိုက်လက္ခဏာကို နားလည်တယ်ဆိုတာ မကြာသေးခင်ကာလလောက်ထိ ပြသနိုင်တာမတွေ့ရပါဘူး။ ဒီနိုင်ငံကို ကြီးမြတ်အောင် ဘာတွေကလုပ်ပေးခဲ့သလဲ၊ လက်ရှိနိုင်ငံရဲ့အခြေအနေက ဘာလဲ ဆိုတာကို သိနားလည်တာမျိုး မတွေ့ရသေးပါဘူး။ အဲဒီအချက်တွေကို သိနားလည်တဲ့ သမ္မတတယောက်ရဲ့ စရိုက်လက္ခဏာတွေကို သမ္မတထရမ့်အနေနဲ့ ပြသရပါလိမ့်မယ်။”
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.