၂၀၁၈ခုနှစ်တွင် တရားမ၀င်ဆေးဝါးများ ရောင်းချသူများအား ထိရောက်စွာ အရေးယူမည်


ရန်ကုန်မြို့တွင်းရှိ ဆေးအရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)
 
    ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး တရားမ၀င်ဆေးရောင်းချသူများအား ထိရောက်စွာ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ တရားမ၀င်ဆေးများရောင်းချမှုအား အပိုင်းနှစ်ပိုင်းဖြင့် အရေးယူမည်ဖြစ်ပြီး ပထမတစ်ပိုင်းသည် ရောင်းချသူများ၏ ပစ္စည်းများ သိမ်းခြင်း၊ ခံဝန်ချက် လက်မှတ်ထိုးခြင်း ဆိုင်ကို သုံးလ၊ခြောက်လနှင့် တစ်နှစ်ပိတ်ခြင်းများဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ ဒုတိယ အရေးယူမှုအပိုင်းသည် တရားမ၀င် ဆေးရောင်းချမှုကို ထပ်မံပြုလုပ်ပါက တရားရုံးတင် တရားစွဲမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်းကလည်း တရားမ၀င်ဆေးရောင်းချမှု ၉၉ မှုကို ရုံးတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.