စစ်ပြေး မိဘမဲ့ကလေးငယ်တွေအတွက် ဂေဟာဆောက်ဖို့ စီစဉ်



လားရှိုးမြို့မှာ ခိုလှုံနေတဲ့ စစ်ပြေး ဒုက္ခသည်ကလေးငယ်တွေကို တွေ့ရစဉ်။ Photo: Kan Thar/RFA
စစ်ဘေးဒုက္ခသည်စခန်းတွေက မိဘမဲ့ကလေးငယ်တွေအတွက် ပရဟိတဂေဟာတစ်ခုကို ပညာရိပ်မွန်ပရဟိတနဲ့ လူမှုကူညီရေးအသင်းက ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။

ဒီလထဲမှာ စဆောက်မှာဖြစ်ပြီး နိုဝင်ဘာလကုန်မှာ အပြီးဆောက်ဖို့ စီစဉ်ထားတယ်လို့ ပညာရိပ်မွန်ပရဟိတနဲ့ လူမှုကူညီရေးအသင်း ဒုဥက္ကဌ ဦးကျော်ကျော်စိုး ပြောပါတယ်။

ပရဟိတဂေဟာ ဆောက်လုပ်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရဆီမှာ မြေနေရာတောင်းခံရာ လားရှိုးမြို့အဝင်နား က မြေ ၁ ဧကမှာ ခွင့်ပြုပေးခဲ့တာလို့လည်း ပြောပါတယ်။

ဂေဟာစတင်ဖွင့်လှစ်ချိန်မှာ မိန်းကလေး အယောက် ၅၀နဲ့ ယောကျာ်းလေး အယောက် ၅၀ လက်ခံသွားဖို့ စီစဉ်ထားပြီး မိဘ နှစ်ပါးလုံးမရှိသူတွေကို ဦးစားပေးလက်ခံသွားမယ်လို့ သိရပါတယ်။ အဲဒီနောက် မိဘ ၁ ပါးပဲရှိသူနဲ့ မိဘရှိပေမယ့် မိဘတွေက မစောင့်ရှောက်နိုင်တဲ့ ကလေးတွေကိုတော့ အသက် ၃ နှစ်ကစပြီး လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ဂေဟာကို စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ပညာသင်ကြားပေးဖို့အတွက် ပရဟိတကို စိတ်ဝင်စားတဲ့ ဒေသခံတွေနဲ့ လက်တွဲလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

ရေရှည်ရပ်တည်နိုင်ဖို့အတွက် အလှူရှင်တွေကို လက်ခံသွားမှာဖြစ်ပြီး ငွေတစ်လုံးတစ်ခဲတည်းလှူသူနဲ့ လစဉ်တတ်နိုင်သလောက် လှူဒါန်းမယ့်သူတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။  အဲဒီ ပညာရိပ်မွန်ပရဟိတနဲ့ လူမှုကူညီရေးအသင်းမှာ ဥက္ကဌ အဖြစ် စာရေးဆရာ ထင်လင်းဦး က တာဝန် ယူထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.