ဝန်ကြီးချုပ်ဟောင်း ယင်လပ် ထိုင်းနိုင်ငံတွင်းမှ ထွက်ပြေးပြီဟု ပါတီသတင်းရင်းမြစ် ပြော


ဘန်ကောက်၊ သြဂုတ် ၂၅ ။ ။ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝတ်ထရာသည် ထိုင်းနိုင်ငံတွင်းမှ ထွက်ပြေးသွားပြီဖြစ်ကြောင်း အကြီးတန်းပါတီ သတင်းရင်းမြစ်တစ်ရပ်က သြဂုတ် ၂၅ ရက်တွင် အေအက်ဖ်ပီသို့ ပြောသည်။

ယင်လပ်သည် သြဂုတ် ၂၅ ရက်က စီရင်ချက်ချမည့် အချိန်တွင် လာရောက်ခြင်း မရှိသဖြင့် တရားရုံးချုပ်က ဖမ်းဝရမ်း ထုတ်လိုက်ပြီးနောက် ယခုကဲ့သို့ နိုင်ငံတွင်းမှ ထွက်ပြေးသွားကြောင်းကို ပါတီလူကြီးတစ်ဦးက ပြောလာခြင်း ဖြစ်သည်။

"သူ အခု ဒီနိုင်ငံထဲမှာ မရှိတော့ပါဘူး။ စင်ကာပူမှာ ရောက်နေလောက်တယ်။"ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

စီရင်ချက် ချမည့် တရားရုံးတွင် လုံခြုံရေးတင်းကျပ်သည့်ကြားက ယင်လပ်ကို ထောက်ခံသူများက အာရုဏ်တက်ချိန်ကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သော်လည်း ၎င်းက ရောက်လာခဲ့ခြင်း မရှိပေ။

၎င်း၏ ရှေ့နေက ယင်လပ်သည် ကျန်းမာရေး မကောင်းသဖြင့် စီရင်ချက်ကို တက်ရောက်ကြားနာနိုင်ခြင်း မရှိကြောင်း လျှောက်လဲခဲ့သော်လည်း ဆေးမှတ်တမ်း ပြနိုင်ခြင်း မရှိ၍ တရားရုံးက ပယ်ချကာ ဖမ်းဝရမ်း ထုတ်လိုက်ခြင်း ဖြစ်သည်။

ယင်လပ်၏ အစ်ကိုဖြစ်သူ ဘီလျှံနာသူဌေးတစ်ဦးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာလည်း ကိုယ်တိုင်ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်သည်။

ထိုင်းနိုင်ငံသည် ကျေးလက်ဆင်းရဲသားပြည်သူများ အားကိုးသော ရှင်နာဝတ်ထရာ နိုင်ငံရေးအသိုင်းအဝန်းနှင့် ဘုရင့်ဘက်တော်သား စစ်တပ်ထောက်ခံသည့် အထက်တန်းလွှာ နိုင်ငံရေးအုပ်စုကြား အကွဲအပြဲက ကြီးမားစွာ ရှိနေသည်။

၂၀၁၄ ခုနှစ်အတွင်း စစ်တပ်၏ အာဏာဖယ်ရှားခံရသော ယင်လပ်အစိုးရ လက်ထက်တွင် လယ်သမားများအား ကူညီထောက်ပံ့ရန် ဆန်စပါး အမတော်ကြေးအစီအစဉ် ဆောင်ရွက်ခဲ့ရာတွင် အာဏာတာဝန် အလွဲသုံးစား လစ်ဟင်းမှုများ ကျူးလွန်ခဲ့သည်ဆိုကာ ယင်လပ်အား စစ်အစိုးရက တရားစွဲဆို ထားခြင်းဖြစ်သည်။

၎င်းအနေဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ဆယ်နှစ်အထိ အများဆုံး ပြစ်ဒဏ်ကျခံရနိုင်သည်။
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.