ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဖြစ်သူက တူဖြင့်ရိုက်သတ်မှု စစ်ဆေးပေါ်ပေါက်



မိမိကိုယ်ကိုတူဖြင့်ထု၍ သတ်သေခဲ့သည့်အမှုအား ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးရာမှ ခင်ပွန်းဖြစ်သူက တူဖြင့်ရိုက်သတ်မှုဖြစ်ကြောင်း ဖော်ထုတ်နိုင်
နေပြည်တော်၊ ဩဂုတ် ၃၀

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်၊ အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၂၀/၂၀၁၇)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိသည့် ကျောင်းဆရာမတစ်ဦး မိမိကိုယ်ကို တူဖြင့်ထု၍ သတ်သေမှုအား တပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်းစစ်ဆေးရာ ခင်ပွန်းဖြစ်သူမှ တူဖြင့်ရိုက်သတ်ပြီး မိမိကိုယ်ကိုသေကြောင်းကြံစည်ဟန် ပြုလုပ်ထားခြင်းအား ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

 ဖြစ်စဉ်မှာ အခင်းဖြစ်နေရာအား အောင်ပန်းနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ရင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေအိမ်နှင့် ကပ်လျက်ရှိ အခြားဆရာမများနေထိုင်သည့် ခြံဝန်း အတွင်း၌ ဆံပင်ထွေးပြတ်များ၊ ခြံစည်းရိုးဝါးတိုင်တွင်သွေးကွက်များအား မသင်္ကာဖွယ်ရာတွေ့ရှိ သောကြောင့် ဒေါ်မေဝင်းမော်(၃၇)နှစ်(ကျောင်းဆရာမ)၏ ခင်ပွန်းဖြစ်သူ အောင်ပန်းမြို့၊ ပင်မှီကျေး ရွာနေ ဇော်လင်း (၃၇)နှစ်နှင့် သားဖြစ်သူ ရှိုင်းဇေယျာလင်း(၇)နှစ်တို့အား မေးမြန်းရာ ဩဂုတ်လ ၂၆ ရက်နေ့က ဇော်လင်းမှ ဇနီးဖြစ်သူ ဒေါ်မေဝင်းမော်အား ကျောင်းသား/သူများကို အချိန်ပိုမသင်ပေး နိုင်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံ သွားရောက်ပြောခိုင်းရာ မပြောသဖြင့် ၎င်းဝတ်ဆင် ပေးထားသည့် လက်စွပ်အား ချွတ်ပေးရန်ပြောခဲ့ကြောင်း၊ မချွတ်ပေးသဖြင့် လက်စွပ်ဝတ်ထားသည့် လက်ခလယ်နှင့် ဦးခေါင်းတို့အား တူဖြင့်ရိုက်နှက်ပြီး ကျောင်းဘက်သို့ဆွဲခေါ်စဉ် ရုန်းကန်နေ သောကြောင့် ကန်ကြောက်၍ ဦးခေါင်းနောက်စေ့အား တူဖြင့်ထပ်မံရိုက်နှက်ခဲ့ကြောင်း၊ ဆက်လက်၍ နေအိမ်ဘက် သို့ထွက်ပြေးသဖြင့် နပ်ခေါင်းများဖြတ်သည့် စပန်ဒါသီးဖြင့်ထပ်မံရိုက်လိုက်စဉ် လဲကျသွားကာ စကားမပြောနိုင်တော့သဖြင့် နေအိမ်အိပ်ခန်းအတွင်း အိပ်ယာပေါ်သို့တင်ထားပြီး ဆေးရုံသို့ပို့ ဆောင်ရန်စီစဉ်နေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် ဇော်လင်း အား အောင်ပန်းနယ်မြေရဲစခန်း(ပ)၈၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.