မြောင်းမြတွင် နေ့ခင်းဘက် အိမ်ပေါ်တက်၍ ဓါးထောက်လုယက်မှု ဖြစ်ပွား



ဓါတ်ပုံ - ဘိုဘို (မြောင်းမြ)
မြောင်းမြ၊ သြဂုတ် ၎

မြောင်းမြမြို့တွင် နေ့ခင်းဘက်အချိန် အတင့်ရဲစွာအိမ်ပေါ်တက်၍ ဓါးထောက်လုယက်မှုတစ်ခု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် (၁၁)နာရီအချိန်ခန့်က မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက် ရိုးကူးလမ်းရှိ အိမ်အမှတ် (၁၀၉) နေအိမ်သို့ အသက်၂၀ ဝန်းကျင်ခန့် လူငယ်နှစ်ဦးရောက်ရှိလာပြီး အိမ်ပိုင်ရှင် အမျိုးသမီးအား ဓါးဖြင့်ထောက်ကာ အိပ်ခန်းအတွင်းရှိ ငွေ(၇၅)သိန်းကျော်နှင့် လစာထုတ်ထားသောငွေ (၅)သိန်း စုစုပေါင်း ငွေကျပ်သိန်း(၈၀)ကျော်နှင့် ဟန်းဖုန်း (၂)လုံး လုယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

" အိမ်တံခါးကိုဖွင့်ပြီး လူတစ်ယောက် ရောက်လာတယ် ကျွန်မကို ပါးစပ်ကိုပိတ်တယ် ဓါးနဲ့ထောက်တယ် အော်ရင်သတ်ပစ်မယ်ပြောတယ် ကျန်တဲ့တစ်ယောက်က အိမ်ခန်းထဲဝင်ပြီး သေတ္တာတွေကိုဓါးနဲ့ရိုက်ဖွင့်တယ် ပြီးတော့ငွေတွေကို အကုန်ယူသွားတယ်" ဟု လုယက်ခံရသော အိမ်ပိုင်ရှင်အမျိုးသမီးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အခင်းဖြစ်ပွားရာသို့ မြောင်းမြခရိုင်ရဲတပ်ဖွဲ့ရုံး ဒုခရိုင်တပ်ဖွဲ့မှူးး ဒုမြို့နယ်တပ်ဖွဲု့မှူးး နှင့် မြို့မ စခန်းမှူးး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေမှုများပြုလုပ်ခဲ့ပြီး အမှုအား အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဘိုဘို/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.