ကြေးသွန်းဘုရားက သပိတ်စခန်းကို ပိတ်သိမ်း



သပိတ်စခန်းကို ယာယီပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆရာတော် အရှင်ပညာဝံသက သြဂုတ်လ ၅ ရက်နေ့က မိန့်ကြားစဉ်။ Photo: Kaung Htet Kyaw/RFA
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်က ကြေးသွန်းဘုရားရှေ့က အစိုးရကို ဆန့်ကျင်တဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ သပိတ်စခန်းကို ယာယီပိတ်သိမ်းလိုက်ပါတယ်။

မနေ့က ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးတွေနဲ့ သပိတ်ဦးဆောင်သူတွေ တွေ့ဆုံညှိနှိုင်း ပြီး သပိတ်စခန်းကို ယာယီပိတ်သိမ်းဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ဆရာတော် အရှင်ပညာဝံသက မိန့်ကြားပါတယ်။

မနေ့က တွေ့ဆုံရာမှာ သပိတ်ဦးဆောင်သူတွေက သူတို့ရဲ့ တောင်းဆိုချက် ၃ ချက်ကို ရန်ကုန်တိုင်း သံဃာ့ မဟာနာယကအဖွဲ့ဝင် ဆရာတော်တွေကနေတဆင့် အစိုးရအဖွဲ့ကို ပေးပို့ထားတယ်လို့ သိရပါတယ်။

အဲဒီတောင်းဆိုချက်တွေကတော့ သာသနာရေး ဝန်ကြီးကို ရာထူးကနေ ဖြုတ်ပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ အစိုးရက ရိုဟင်ဂျာမရှိကြောင်း ကြေညာပြီး ခိုးဝင်လာသူတွေကို ၁၉၈၂ နိုင်ငံသား ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့တို့ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ အဲဒီ တောင်းဆိုချက် ၃ ချက်ကို တွေ့ဆုံညှိနှိုင်းပြီး လိုက်လျောဆောင်ရွက်မှုမရှိရင် တစ်နိုင်ငံလုံးမှာ သပိတ်မှောက်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ဖြစ်မြောက်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကနေ့ သပိတ်စခန်းကို ပိတ်သိမ်းရာမှာ သပိတ်မှောက်သူတချို့နဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတချို့အကြား အပြန်အလှန် ဆဲဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အစိုးရကို သပိတ်မှောက်တဲ့ သံဃာနဲ့ လူပုဂ္ဂိုလ်တချို့ပါဝင်တဲ့ သပိတ်စခန်းတွေကို သြဂုတ်လ ၂ ရက်နေ့ကစတင်ပြီး တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့က သပိတ်စခန်းကိုတော့ ဒီကနေ့ မနက် ၂ နာရီကျော်မှာ တိုင်းအစိုးရက ဖယ်ရှားလိုက်ပြီး ဦးဆောင်သံဃာ  ၆ ပါးကို အမှုဖွင့် အရေးယူလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.